Part 95 (zawgyi)

4.8K 249 12
                                    


Part 95 ~ ~

တစ်ညတာ ကုန်ဆုံးပြီးသည့်နောက်တွင် သူနှလုံးသားကရေကဲ့သို့ ငြိမ်သက်နေသည်ကို ကျန်ချန် ရုတ်တရက်တွေ့ရှိလိုက်ရတယ်။

လီဟွေ့ဆီမှာ ဘာတွေဖြစ်ပျက်နေမှန်း သိရှိဖို့
ရန် သူမကြိုးစားခဲ့ပေမယ့်လည်း သံစက်ရုံလို
ပတ်ဝန်းကျင်၌ မည်သည့်သတင်းမဆိုအချိန်
တိုအတွင်း အိတ်သွန်ဖာမှောက် ပျံ့နှံ့လာလေ့ရှိသည်။

ကုဖေးတို့စတိုးဆိုင်ဖြစ်စေ၊စတိုးဆိုင်ဘေးရှိ
ရပ်ကွက်ဆေးခန်းဖြစ်စေ ၊ သူတို့တွေသည်အတင်းအဖျင်းသတင်းဆုံရာ ဗဟိုချက်တွေဖြစ်၏။

အစပိုင်းတွင်မူ, လီမိသားစုအကြီးသားအပြင်သူ့တစ်မိသားစုသေသည်အထိရိုက်နှိက်ခံရတယ်လို့ ကောလဟလ ထွက်လာခဲ့သည်။နောက်တော့....မဟုတ်ဘူး ,သူတို့ကလေး
မသေဘူးဆိုပြီး အခြားဇာစ်မြစ်တစ်ခုက မဟုတ်မမှန်ဖွင့်ချလာ၏။ ထို့နောက်တွင်
....သေသွားတဲ့လူက လီဟွေ့တစ်ယောက်
တည်းဆိုပြီး တစ်စုံတစ်ယောက်ကအခိုင်
အမာ ဆိုလာပြန်သည်။

သေဆုံးရသည့်အကြောင်းတရားက အမျိုးမျိုးအဖုံဖုံနှင့် လူသိထင်ရှားဖြစ်လာခဲ့တယ်။ သူတို့ထဲမှ  လီဟွေ့တစ်ယောက် ငွေတိုးချေးစားသူတွေဆီမှာ ပိုက်ဆံတွေအကြွေးတင်ပြီး အကြွေးတောင်းသူတွေဆီမှ သေလုမြောပါးအရိုက်အနှက်ခံ ခဲ့ရကြောင်း၊ ဒါမှမဟုတ်
သူ့အပေါ်မှာဖောက်ပြန်နေတဲ့ဇနီးဖြစ်သူရဲ့အမျိုးသားဆီမှာ လီဟွေ့အသတ်ခံလိုက်ရသည်....ဟူသောအကြောင်းတရားနှစ်ခုမှာ
လူပြောအများဆုံးဖြစ်သည်။

ဒါပေမဲ့ တစ်ပတ်မပြည့်ခင်တွင် နောက်ထပ်
အမှန်တရားတစ်ခုထွက်လာပြန်၏။

လီဟွေ့က မသေပေမဲ့လည်း သစ်ပင်လူသားအခြေအနေထိရိုက်နှက်ခံခဲ့ရပြီး လက်သည်တရားခံတွေလည်း လွှတ်မြောက်နေဆဲသာရှိသည်ဟု ဆိုကြပြန်သည်။

ဤကဲ့သို့ စကားအချေအတင်ဆွေးနွေးငြင်း
ခုန်မှု၏ အဆုံးစွန်သောပမာဏကို ကျန်ချန်
မသိသလို ၊ကုဖေးကလည်း ပုံမှန်ဆိုရင်ဆိုင်မှာရှိနေတဲ့အချိန် နားနှင့်အပြည့် သွပ်သွင်းခံ
ရမည်ဆိုပေမဲ့သူ့ကိုပြောဖို့ရန်စိတ်မစားချေ။
ပြောဖို့မလိုအောင် , ဒီကောလဟလ အရင်း
အမြစ်တွေက သူ့ကိုတွေ့တဲ့အခါတိုင်း ရှောင်ကွင်းသွားဖို့ရန်ဂရုစိုက်လိမ့်မည် ။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now