//7//

4.3K 761 42
                                    

Unicode

စိတ်အခြေအနေမကောင်းဘူး
________________________________

ချန်ချန်းချင် သူ့ကို တကယ်မုန်းမှန်း သေချာသွားသဖြင့် လုကျန်းဖေက တစ်ခါမှမကြုံဖူးသော
စိတ်ဓာတ်ကျမှုမျိုး ခံစားလိုက်ရသည်။

သူ ချန်ချန်းချင်ကို လွှတ်ပေးလိုက်ပြီး မတ်တတ်
ထရပ်ကာ သန့်စင်ခန်းထဲဝင်သွားလေ၏။
သွားတိုက်မည့်ပုံပေါ်သည်။

ချန်ချန်းချင်၏ကျိုးထားသောခြေထောက်
တစ်ဖက်က သိပ်အဆင်မပြေလှ။ အတော်
ကြာသည်အထိ လုကျန်းဖေ ထွက်မလာသဖြင့်
ချန်ချန်းချင်တစ်ယောက်တည်း ခက်ခက်ခဲခဲ
ထထိုင်လိုက်ရသည်။

လုကျန်းဖေ သန့်စင်ခန်းထဲဝင်သွားတာ
အတော်ကြာနေပြီ။ ပြန်ထွက်လာချိန်မှာတော့
သူ့အမူအရာက ပုံမှန်ဖြစ်သွားကာ
အခုလေးတင် စိတ်ရှုပ်ထွေးနေခဲ့သည်မှာ
သူ မဟုတ်သကဲ့သို့။

လုကျန်းဖေက ချန်ချန်းချင်ထက် ၅ နှစ်ပိုကြီး
သည်မို့ ယခုမှ အသက် ၂၅ နှစ်ပဲရှိသေးသည်။ အရွယ်ရင့်လာသောလူကြီးဖြစ်ဖို့ အများကြီး
လိုသေး၏။ ယခုအချိန်မှာ ဒေါသထွက်လွယ်၊ မျက်စိလည်လမ်းပျောက်လွယ်နေသော်လည်း နောက်ငါးနှစ်ကြာလျှင်မူ။

လုကျန်းဖေကိုယ်တိုင်တောင် သူ့ကိုယ်သူ
ဘာတွေတွေးမိမလဲ သိမှာမဟုတ်ဘူး...

လုကျန်းဖေက တစ်ခွန်းမှမဆိုဘဲ
ချန်ချန်းချင်ကိုခေါ်ပြီး အောက်ဆင်းလာရာ
ဈေးမှပြန်လာသော လျိုဟွားမေ့နှင့်သွားတိုး
သည်။

"ချန်းချင်၊ သား ဘာလုပ်နေတာလဲ"

ချန်ချန်းချင်ကိုထိန်းကူရင်း ဆင်းလာသည့်
လုကျန်းဖေအား တွေ့သောအခါ လျိုဟွားမေ့
စိတ်ရှုပ်သွားရပြီ။

"ချန်းချင်က စန္ဒရားတီးချင်လို့တဲ့"

လုကျန်းဖေ ဝင်ပြောလိုက်သည်။

"ဒါကြောင့် ကျွန်တော် ခေါ်သွားပေးတာ"

"ခြေထောက်ကျိုးနေတာကို ဘာလို့ စန္ဒရားတီး
မှာတုံး"

လျိုဟွားမေ့က လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်များကို ကိုင်လာပုံ
ထောက်လျှင် အခုလေးတင် အပြင်မှပြန်လာ
မှန်း သိသာလှ၏။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now