Extra(2)

4K 570 225
                                    

Unicode

အချိန်အတိုင်းအတာတစ်ခုအထိ အားပြန်ပြည့်အောင် အနားယူပြီးနောက် ချန်ချန်းချင် ကျန်းမာရေးအခြေအနေ အတော်ကောင်းမွန်လာသည်။

အိပ်မပျော်သည့်ညဆိုတာ မရှိတော့။
စိတ်ခံစားချက်အတက်အကျတွေလည်း
ဖြစ်ခဲသည်။ ချန်ချန်းချင်က အမြဲလိုလို
ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်တတ်ခဲ့တာမို့
လုကျန်းဖေလောက် မသန်မာလျှင်တောင်
သူ့ကိုယ်မှာ ကြွက်သားတွေခပ်ပါးပါးဖွံ့ဖြိုးနေပြီ။

လုကျန်းဖေက အရိုးအဆစ်ကြီးသဖြင့်
လူတစ်ယောက်လုံးကို ကြည့်လိုက်လျှင် အရပ်အရှည်ကြီးမြင်ရသည်။ ချန်ချန်းချင်ကလည်း လုကျန်းဖေထက် အတော်ပုနေတာမျိုး
မဟုတ်။ လုကျန်းဖေနှင့်ယှဉ်လျှင် သူက
ပိုသွယ်သလိုထင်ရခြင်းပင်။

ခန္ဓာကိုယ်ပိန်ပါးပေမယ့် ချန်ချန်းချင်၏
အရှိန်အဟုန်က လုကျန်းဖေထက်တောင် အားကောင်းသေးသည်။ အထူးသဖြင့် ဒေါသထွက်နေချိန်ဆိုလျှင်။ ချန်ချန်းချင်က ဒေါသထွက်နေပြီဆို ဘယ်တော့မှစကားမပြော။ အေးစက်စက်အကြည့်တစ်ချက်နှင့်ပင် လူတွေကို စိတ်ကျဉ်းကျပ်စေနိုင်စွမ်းသည်။

ချန်ချန်းချင်အကြောင်း မသိခင် လူတိုင်းက ချန်ချန်းချင်နှင့်လုကျန်းဖေကြား role ကို မေးစရာမလိုအောင် အတပ်သိနေသလိုမျိုး။ သို့သော် ချန်ချန်းချင်အကြောင်းသိလာချိန်မှာတော့ သူငယ်ချင်းရွှီရှောက်ရန်သည်ပင် လုကျန်းဖေကို ထိုသို့မေးလာခဲ့၏။

လုကျန်းဖေကြားကြားချင်း အလွန်စိတ်ဆိုးသွားပုံရသည်။

"မင်းက ငါ့ယောက်ျားပီသမှုကို သံသယဝင်နေတယ်လား! ငါ အောက်မှာနေရင်တောင် အဲဒါ သူ့ကိုချစ်လွန်းလို့ပဲ!"

ရွှီရှောက်ရန်က အဓိကအချက်ကို ဖမ်းမိသွား၏။

"မင်း တကယ် အောက်မှာနေတာလား"

လုကျန်းဖေ : "ငါ ဒီအတိုင်းပြောတာ! မင်း
နားမလည်ဘူးလား"

ရွှီရှောက်ရန် : "အင်းပါ လုကျန်းဖေ၊ ငါ
မြင်ရတာမှမဟုတ်ဘဲ.."

လုကျန်းဖေက စကားတွေအများကြီး
ပြောပြ‌နေတာမျိုးရှားသည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now