//13//

3.4K 647 24
                                    

Unicode

ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရစမြဲ
___________________________________

ယောက်ျားလေးတိုင်းက တစ်ကိုယ်ရေ
ဖြေလျှော့ခြင်းကဲ့သို့သောအမှုမျိုးကို
သေချာပေါက်ပြုလုပ်ဖူးမှာပင်။

ချန်ချန်းချင်က လုကျန်းဖေ၏အရာကို
ဆုပ်ကိုင်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေ
မိသည်။ တကယ်တော့ သူ့အဖြစ်က တစ်ကိုယ်ရေ
ဖြေလျှော့တာနှင့်တူနေပြီ။

သူနှင့်တစ်ထပ်တည်းတူသောမျက်နှာကို
ကြည့်ရင်း ခံစားချက်က ထူးဆန်းလာသည်။

လုကျန်း‌ဖေ အထိန်းအကွပ်မဲ့သွားမှာကိုသာ
ချန်ချန်းချင် မကြောက်ရွံ့ရလျှင် ယခုလို
ကမ်းလှမ်းမိမှာမဟုတ်ပေ။

လုကျန်းဖေနှင့် ပထမဆုံးအကြိမ် အတူနေပြီး
ကတည်းက ချန်ချန်းချင် အိပ်မပျော်သည့်
ဝေဒနာခံစားလာရသည်မှာ ယခုထိဖြစ်သည်။
ညညဆို နာရီအချို့သာ အိပ်စက်နိုင်ကာ
သတိကပ်နေတတ်ပြီ။

ချန်ချန်းချင် ပုံမှန်နှင့်မတူဘဲ ထူးဆန်းနေတာကို
လုကျန်းဖေက လုံးလုံးသတိမမူမိ။ ယခင်နှင့်
စာလျှင် ချန်ချန်းချင်က ပိုညှိနှိုင်းတတ်လာကာ
သိပ်ခေါင်းမမာသလို ကလန်ကဆန်မလုပ်တော့
ဟူ၍သာ ထင်မှတ်နေ၏။

ကိစ္စတစ်စုံတစ်ရာဖြစ်ပျက်ခဲ့လျှင်တောင်
လုကျန်းဖေက ချန်ချန်းချင်ဘေးမှာ အတူရှိနေ
ပေးမည်ဟုပြောဖို့ ဝန်လေးမှာမဟုတ်။

အတိတ်တုန်းက ချန်ချန်းချင်နှင့်လုကျန်းဖေ
နှစ်ဦးလုံး၏ခံစားချက်များမှာ လုံးဝ ပုံမှန်မကျ
ခဲ့ပေ။ သူတို့နှစ်ဦးက အချစ်အဓိပ္ပါယ်ကို
သိပ်နားမလည်တာမို့ တစ်ယောက်ကိုတစ်ယောက် ညှဉ်းပန်းနေမိသည့်အဖြစ်မျိုး ဆိုက်ရောက်သွား
တာပင်။ နာကျင်ခံစားနေရသောလုကျန်း‌ဖေကို
စောင့်ကြည့်ခြင်းက မူလချန်ချန်းချင်အဖို့
အပျော်ရဆုံးအခိုက်အတန့်တွေဖြစ်ခဲ့သည်။

ယခုလည်း ဘာမှမထူး။

လုကျန်းဖေက ချန်ချန်းချင်ဖြစ်လာခဲ့ပြီ။
ချန်ချန်းချင်အစစ်၏လက်တုံ့ပြန်မှုဟုဆိုလျှင်
လည်း မမှားပေ။ ကြုံတွေ့ခဲ့သမျှနာကျင်စရာ
ဒုက္ခအားလုံးကို မူလချန်ချန်းချင်က လုကျန်းဖေ
အစစ်အား တစ်ထပ်တည်းခံစားစေလိုပုံရသည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now