//49//

2.3K 523 22
                                    

Unicode

[ Come out လုပ်လိုက်ပြီတဲ့ ]

လုကျန်းဖေ မိဘအိမ်ပြန်သွားပြီးနောက်ပိုင်း ချန်ချန်းချင်ကို ရက်အတန်ကြာသည်အထိ ဖုန်းမခေါ်ခဲ့သလို မက်ဆေ့ခ်ျလည်းမပို့ဖြစ်။ လုကျန်းဖေတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားသလိုပင်။

လေယာဉ်ပေါ်မှဆင်းဆင်းချင်း လုကျန်းဖေ
ဖုန်းဆက်ခဲ့သည်က နောက်ဆုံးအကြိမ်ဖြစ်၏။

အစပထမ ချန်ချန်းချင် သတိမထားမိသော်လည်း လုကျန်းဖေဆီက တစ်ပတ်နီးပါး ဘာသတင်းမှမကြားရသောအခါ သူ အခြေအနေကို မှန်းဆလိုက်နိုင်သည်။

လုကျန်းဖေနှင့်သူ့ကြား ကိစ္စများကို
လုမိသားစုက သိသွားလောက်ပြီ နေမည်။

လုကျန်းဖေ၏ဖခင်ဖြစ်သူက စစ်တပ်ထဲ
မဝင်ခဲ့သော်လည်း ငယ်ငယ်ကတည်းက
စစ်ဘက်အသိုင်းအဝိုင်းနှင့်နေခဲ့ရသဖြင့် စရိုက်က သေချာပေါက် နူးညံ့မနေ။
လုကျန်းဖေ၏အမေကမူ ဒေါသထွက်ခဲသော်လည်း ပြဿနာအရှုပ်အရှင်းကြုံလာလျှင် လုကျန်းဖေကို အလိုလိုက်မှာမဟုတ်။

အတိတ်က သူ come out လုပ်ချိန်မှာ အဖေနှင့် အကြီးအကျယ်ကတောက်ကဆဖြစ်ခဲ့ရသည်။ မျိုးကောင်းရိုးကောင်း ကောင်လေးတစ်ယောက်ကို သားဖြစ်သူ အတင်းအကျပ်သိမ်းပိုက်ခဲ့ကြောင်း လုကျန်းဖေ၏ဖခင်
သိသွားသောအခါ သေမတတ်ရိုက်နှက်ခဲ့လေသည်။

အကျိုးဆက်အနေနှင့် ချန်ချန်းချင်ကတော့ သာသာယာယာရှိနေ၏။

လုကျန်းဖေ အဆက်အသွယ်ပြတ်သွားသည်နှင့်ပတ်သက်ပြီး ချန်ချန်းချင် အများကြီး ခန့်မှန်းထားသော်လည်း ဖြစ်နိုင်ခြေအရှိဆုံးက လုကျန်းဖေအကြောင်းတွေကို မိဘနှစ်ပါး သိသွားတာပင်။

ချန်ချန်းချင်က ထင်ကြေးပေးနေရုံသက်သက်သာ။

တကယ်က လုကျန်းဖေ အိမ်ပြန်သွားပြီးနောက်ပိုင်း ချန်ချန်းချင်ဘယ်လိုနေလဲ
သိရဖို့ စောင့်ကြည့်ခိုင်းခဲ့ရာ လူမိသွားသော
ကြောင့်ပင်။

လုကျန်းဖေ၏ညီမ လုယီချင်းက
သည်းမခံနိုင်တော့ပေ။ လုကျန်းဖေက မိသားစုနှင့်အချိန်ကုန်ဆုံးဖို့မစဉ်းစားဘဲ
C မြို့သို့အပြေးသွားပြီး ချန်ချန်းချင်ကို
သွားတွေ့ခဲ့ကြောင်း သူမ သိလိုက်ရချိန်မှာ ဒေါသထွက်လွန်းလို့ မနေနိုင်အောင်ပင်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now