//9//

3.7K 652 2
                                    

Unicode

ရန်စခြင်း
________________________________

ထိုနေ့မှာဖြစ်ပျက်ခဲ့သောကိစ္စက ချန်ချန်းချင်နှင့်
လုကျန်းဖေ၏ဘဝထဲ အပိုင်းငယ်တစ်ခုအဖြစ်ပဲ
သက်ရောက်သည်။

နောက်တစ်နေ့မှာ ချန်ချန်းချင် ပုံမှန်အတိုင်း
ပြန်ဖြစ်သွားကာ လုကျန်းဖေ၏အပြုအမူက
သူ့အပေါ် သက်ရောက်မှုသိပ်မရှိသယောင်။
တကယ်တမ်းတော့ ချန်ချန်းချင် ဘာတွေ
တွေးနေသလဲဆိုတာ သူကိုယ်တိုင်ပဲ သိသည်။

ချန်ချန်းချင်နှင့် ရက်အနည်းငယ်ကြာအောင်
သွေးအေးစစ်ပွဲနွှဲရလိမ့်မည်ဟု လုကျန်းဖေ
ထင်ထားသော်လည်း မမျှော်လင့်ဘဲ
ချန်ချန်းချင်က ခဏမျှသာ မူမမှန်ပုံ‌ပေါ်ပြီး
အချိန်တိုတောင်းလွန်းသဖြင့် လုကျန်းဖေ
အထင်မှားသလားဟုပင် တွေးနေရပြီ။

ဆေးရုံဆင်းပြီးနောက်ပိုင်း ချန်ချန်းချင်က
ခြေထောက်ကုသမှုကို အဆက်မပြတ်စေခဲ့ပေ။
ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာကာ
စိတ်ဖောက်ခဲသည်။ ခြေထောက်ကျိုးပြီးချိန်
မှစ၍ ချန်ချန်းချင် လုံးဝပြောင်းလဲသွားသလို
ထင်ရသည်။

လုကျန်းဖေက ကတိမဖောက်ဖျက်ဘဲ ‌
နှစ်ပတ်ကြာသည့်အခါ ချန်ချန်းချင်ကို
ကျောင်းသွားခွင့်ပေးခဲ့၏။

သို့သော် ချန်ချန်းချင်၏ခြေထောက်အခြေအနေကြောင့် ကျောင်းကအဆောင်မှာ မနေခိုင်းဘဲ
နေ့တိုင်း အသွားအပြန်တက်ခိုင်းသည်။

ချန်ချန်းချင်လည်း ခြေထောက်မကောင်းသေး
သဖြင့် သဘောတူလက်ခံလိုက်ရ၏။

မူလပိုင်ရှင်ချန်ချန်းချင်က တက္ကသိုလ်မှာ
ဘဏ္ဍာရေးစီမံခန့်ခွဲမှုမေဂျာယူထားသူ။
သင်ရိုးမှာ အခြေခံပဲရှိသေးသည်။ ချန်ချန်းချင်
အနေနှင့် စာမေးပွဲကျမှာ၊ ဘွဲ့မရမှာကို စိုးရိမ်စရာ
မလိုလောက်။

စာသင်ခန်းထဲသို့ ချန်ချန်းချင် ချိုင်းထောက်နှင့်
ဝင်သွားရာ အုပ်စုတစ်စုလုံးက သူ့အပေါ် အာရုံရောက်လာသည်။

အတိတ်မှာ ချန်ချန်းချင်က ကျောင်းတွင်း
သေချာပေါက်နာမည်ကြီးခဲ့လိမ့်မည်။ သူက ရုပ်ချော၊ အဆင့်ကောင်းသည့်အပြင် စန္ဒရား
ကောင်းကောင်းတီးတတ်ပြီး မိန်းကလေး
အားလုံးနီးပါး စိတ်ကူးယဉ်တတ်သော၊
အကြိုက်နှင့်ကိုက်ညီသော ကောင်လေး
တစ်ယောက်ဖြစ်နေသည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now