//8//

4K 696 14
                                    

Unicode

သိမြင်သွားသော အိပ်မက်ဆိုးတစ်ခု
____________________________________

လျိုဟွားမေ့က တစ်လလောက်အတူနေကာ
ဂရုစိုက်ပေးပြီး ချန်ချန်းချင် ချိုင်းထောက်နှင့်လမ်းလျှောက်နိုင်တော့မှ သူမ ပြန်သွားခဲ့သည်။
ထိုအ‌ခြေအနေအတိုင်းဆို ပြဿနာမရှိနိုင်သောကြောင့်ပင်။

မပြန်ခင်မှာ ချန်ချန်းချင်ကို မမေ့မလျော့
မှာခဲ့သေးသည်။ အမျိုးသားနေ့မှာ C မြို့သို့
ပြန်လာခဲ့လျှင် လုကျန်းဖေကိုပါ ခေါ်ခဲ့ရန်။
သို့နှင့် ချန်ချန်းချင်လည်း ဘာလုပ်ရမလဲ
မသိတော့။

"ချန်းချင်၊ နောက်ဆို သတိလက်လွတ်မနေနဲ့နော်"

လျိုဟွားမေ့က သတိပေးသည်။

"သားအကျင့်ကြောင့် ပြဿနာတွေများနေမှာကို
အမေ စိတ်ပူမိတာ၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာ
အမေ မင်းကိုလာတွေ့နိုင်လို့ တော်သေးတယ်"

ထိုစကားက ချန်ချန်းချင်၏အပြုံးကို
ပိုဖျော့တော့သွားစေသည်။

"အမေ၊ ကျွန်တော် အရွယ်ရောက်နေပါပြီ"

လျိုဟွားမေ့က သားဖြစ်သူ၏ပခုံးကို ဖွဖွ
ပုတ်ကာ လုကျန်းဖေက ခရီးဆောင်သေတ္တာကို
ကူဆွဲပေးရင်း ထွက်သွားတော့သည်။

ချန်ချန်းချင်က တံခါးနားမှာ အတော်ကြာရပ်နေ
ပြီးမှ သူ့ခြေထောက်တွေ ဒဏ်မခံနိုင်တော့သည်အထိ ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့၏။

လျိုဟွားမေ့ပြောသောစကားလုံးတို့ကြောင့်
ချန်ချန်းချင် နည်းနည်းမှရယ်မောနိုင်စွမ်းမရှိ။
တကယ့်ချန်ချန်းချင်အစစ်က ဘယ်ရောက်နေလဲ
မသိနိုင်တော့။ လက်ရှိချန်ချန်းချင်ကသာ
အတိတ်သို့ တစ်ဖန်မွေးဖွားလာပြီး အမှားတွေအတွက် စိတ်မကောင်းဖြစ်နေသည့်အပြစ်သား
တစ်ဦး။ လျိုဟွားမေ့ဆီကနေ ဂရုစိုက်မှုကို
လက်ခံနိုင်ခွင့် သူ့မှာရှိရဲ့လား။ ချန်ချန်းချင်
အစစ်က သူ့ကြောင့်သေခဲ့တာဖြစ်သည်။ ယခု
သူက လျိုဟွားမေ့၏သားဖြစ်သူခန္ဓာကိုယ်ကို ယူထားပြန်ပြီ...

ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်နေရင်း အတော်
ကြာပြီး‌နောက် ချန်ချန်းချင် သက်ပြင်းမသိမသာ
ချမိလေသည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now