//36//

2.6K 543 11
                                    

Unicode

[ အချစ်က မင်းမဟုတ်ဘူး ]

ချိန်ချန်းချင်သာ တကယ့် အသက် ၂၀ အရွယ်
‌တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်မည်
ဆိုလျှင် ယွမ်ဝမ်ဟုန်၏စကားကို ယုံကြည်မိပြီး
သူ့အတွက်တွေးပေးသည်ဟု ထင်မှတ်မှားလိမ့်မည်။

သို့သော် ဤကမ္ဘာမှာ ယွမ်ဝမ်ဟုန်အကြောင်းကို
ချိန်ချန်းချင်က လုကျန်းဖေထက်ပိုပြီးကောင်းကောင်းသိနေသောအခါ။ ယွမ်ဝမ်ဟုန်၏
ရှင်းလင်းချက်ကို နားထောင်ပြီးနောက် သူ
ပြုံးလိုက်သည်။

"A နိုင်ငံကိုမသွားဘဲ တခြားနိုင်ငံသွားလို့ရော
မရဘူးလား"

ယွမ်ဝမ်ဟုန်က ဖြေသည်။

"ဒါပေါ့၊ မင်းသာ တခြားနိုင်ငံတွေသွားရင်
လုကျန်းဖေက လွယ်လွယ်ကူကူရှာတွေ့လိမ့်မယ်၊
ကျွန်တော် အာမ,မခံနိုင်ဘူး"

A နိုင်ငံက တကယ်ကို ယွမ်ဝမ်ဟုန်အတွက်
အကောင်းဆုံးရွေးချယ်မှု။ အဘယ်ကြောင့်
ဆိုသော် ထိုဖြစ်ရပ်ပြီးနောက်ပိုင်းမှာ A နိုင်ငံက
လူအဝင်အထွက်ကို အချိန်အတော်ကြာအောင်
ကန့်သတ်ထိန်းချုပ်နေပြီမို့။ အထူးသဖြင့်
လုကျန်းဖေလိုမျိုး နောက်ခံကောင်းပြီး အစိုးရနှင့်
ဆက်နွှယ်နေသူက A နိုင်ငံကိုဝင်ဖို့ ပို၍ခက်ခဲ
လိမ့်မည်။ လူတစ်ယောက်ကို ကယ်တင်ရန် ခက်ခဲသော်လည်း လက်စဖျောက်ဖို့ဆို အလွယ်လေး။
ယွမ်ဝမ်ဟုန်က ငွေနည်းနည်းသုံးရုံနှင့်
ချိန်ချန်းချင်ကို နိုင်ငံခြားမှာ လူမသိသူမသိ
သေဆုံးသွားအောင် ကြံစည်လို့ရသည်။

ယွမ်ဝမ်ဟုန်၏အတွေးကို ချိန်ချန်းချင်ကလည်း
မသိဘဲမနေ။ တရားကျစရာကောင်းသော
ဝမ်းကွဲဖြစ်သူကိုကြည့်ရင်း သူ သက်ပြင်းချချင်
လာသည်။

သူသာ ချိန်ချန်းချင်အစစ်ဖြစ်မည်ဆိုလျှင်
ယွမ်ဝမ်ဟုန်၏အကြံပြုချက်ကို သဘောတူမိ
လောက်သည်။ သို့သော် အတိတ်တုန်းက
လုကျန်းဖေက ချိန်ချန်းချင်ကို တရားဝင်
မိတ်ဆက်ပေးမည့်အကြောင်း ယွမ်ဝမ်ဟုန်နှင့်
ဦးစွာမတိုင်ပင်ခဲ့သဖြင့် ယွမ်ဝမ်ဟုန်က
ချိန်ချန်းချင်အစစ်ကို ကမ်းလှမ်းပြောဆိုဖို့
အခွင့်အရေးမရခဲ့ပေ။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now