//19//

3K 608 18
                                    

Unicode

သရဲအိမ်
_________________________________

တက္ကစီပေါ်တွင် ချန်ချန်းချင်နှင့်
ယွမ်ကျစ်ထောင်က အနောက်မှာထိုင်ပြီး
လုကျန်းဖေကတော့ ယာဉ်မောင်းဘေးက ခုံမှာ
ထိုင်လိုက်သည်။

ယွမ်ကျစ်ထောင်က ဆို၏။

"ချန်းချင်၊ ငါ ဟိုးရက်တွေတုန်းက
အနောက်မြောက်ပိုင်းကို ခရီးထွက်ဖြစ်လို့
နင့်အတွက် လက်ဆောင်တွေအများကြီးဝယ်ခဲ့
တယ်"

သူမက အိတ်ထဲမှပစ္စည်းများကို ထုတ်ကာ
ချန်ချန်းချင်ဆီ ကမ်းပေးလေသည်။

ပစ္စည်းအများစုက အဆာပြေစားစရာမုန့်နှင့်
တခြား တိုလီမုတ်စများဖြစ်သည်။
ယွမ်ကျစ်ထောင်က ရယ်မောရင်း တစ်ခုချင်းကို
အမျိုးအမည်ပြောပြလာ၏။ ထို့နောက် သူမက
ရုတ်တရက်ဆိုသလိုပဲ ဖန်ခွက်တစ်ခွက်ထုတ်ကာ
‌ချန်ချန်းချင်ကို ပြောလိုက်သည်။

"ဒီဖန်ခွက်ကိုလေ ချင်ဟိုင်းကန်က သဲနဲ့လုပ်ထားတာ၊ အရောင်စုံပါတယ်လို့ ပြောကြတယ်..ငါ
ဒါကြောင့် သေချာယူလာတာ"

ချန်ချန်းချင်က ပစ္စည်းများကို ယူလိုက်ရင်း

"လေးလိုက်တာ၊ မင်း ဒါတွေအားလုံးကို
အပန်းဖြေဥယျာဉ်ထိ သယ်လာတယ်ပေါ့?"

ယွမ်ကျစ်ထောင်က ရယ်သည်။

"နင် ဒီလိုပြောလိမ့်လို့ ငါ ထင်တော့ထင်သား၊
ငါ့ကို ဆူရဲတယ်ပေါ့လေ၊ ဒါတွေကို နင့်အိမ်ဆီ
ယူသွားရင်တော့ အန်တီ နင့်ကို ဆူမလား
ကြည့်ကြသေးတာပေါ့"

ချန်ချန်းချင် ပြုံးရုံပြုံးလိုက်ကာ ဘာမှမဆို။

လုကျန်းဖေကမူ ရှေ့ခုံမှာထိုင်ရင်း မျက်နှာသေ
ဖြစ်နေသည်။ အနောက်ဘက်မှ ချန်ချန်းချင်နှင့်
ယွမ်ကျစ်ထောင်တို့ပြောသမျှကို သူကြားနေ
သော်လည်း ဂရုမစိုက်သလိုမျိုး အရှေ့ကိုသာ တိတ်တဆိတ်ကြည့်လျက်ရှိသည်။

သို့သော် ချန်ချန်းချင်သာ လုကျန်းဖေ၏မျက်ဝန်းများကိုမြင်ခဲ့လျှင် ထိုသူ ဒေါသသိပ်ထွက်နေမှန်း
သိနိုင်လောက်သည်။

ချန်ချန်းချင်နှင့်လုကျန်းဖေက ပထမနှစ်မှာ
တွေ့ဆုံခဲ့တာဖြစ်ပြီး ထိုစဉ်က သူတို့နှစ်ဦး၏
ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ခဲ့သည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now