//64//

2.6K 517 49
                                    

Unicode

[ ရှောင်လုက ဆန်ကုန်မြေလေးပဲ ]

လုကျန်းဖေ ဆေးသုံးလိုက်မှန်း ချန်ချန်းချင်က မသိပေ။ ထို့ကြောင့် သူ့ကိုယ်သူ
လုကျန်းဖေကို တုံ့ပြန်နိုင်မှန်း သိလိုက်ရသည့်အခါ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်ထိခိုက်သွားရှာသည်။

လုချုံကန်နှင့်ဟွမ်ယွီပင် သေဆုံးသည့်
သတင်းက သူ့ကို အံ့အားသင့်စေသည်
မှန်သော်လည်း ဤကိစ္စက သူ့အတွက် ပိုပြီးခက်ခဲနက်နဲနေ၏။ သူ အခုထိ စဉ်းစားလို့
မရနိုင်သေး။ လေးနှစ်ကြာချိန်မှာ သူ
ဘယ်လိုလုပ် လုကျန်းဖေကို အလွယ်တကူတုံ့ပြန်နိုင်သွားလဲဆိုတာ။

သူတို့ရောက်နေသည်က တရုတ်စားသောက်ဆိုင်။ ချန်ချန်းချင် သန့်စင်ခန်းမှပြန်လာချိန်တွင် လုကျန်းဖေနှင့်ရွှီရှောက်ရန်က စားစရာတွေမှာနေသည်။

လေးနှစ်အကြာ ပြန်တွေ့ရာတွင်
ရွှီရှောက်ရန်က သားရဲဟူသောစကားလုံးနှင့်
ခြေတစ်လှမ်းပိုနီးလာ၏။ တရုတ်တွင်
နည်းနည်းလူသိများသော စိတ်ရောဂါကုဆရာဝန်ဖြစ်သည့် ရွှီရှောက်ရန်က ခင်မင်ရင်းနှီးသလိုမျိုး အမူအရာဖမ်းထားနိုင်သည်။

စိတ်မကောင်းစရာက ချန်ချန်းချင်ကို ဒီလို လွယ်လွယ်လှိမ့်လို့မရပေ။ ရွှီရှောက်ရန်က ပေါက်စီလုံးနှင့် ဆင်တူသည်။ အပေါ်ယံ
ဖြူဖွေးအိစက်နေသလောက် အတွင်းမှာ
မည်းနေတာဖြစ်သည်။ ရွှီရှောက်ရန်က
ကိုယ်လိုချင်တဲ့လူတွေကိုရဖို့ ဘယ်လို
နည်းလမ်းတွေသုံးခဲ့သလဲ...ချန်ချန်းချင်က ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲ။

လုကျန်းဖေက ချန်ချန်းချင်ကို မီနူးကမ်းပေးပြီး မှာဖို့ အမူအရာပြသည်။

ချန်ချန်းချင်က မီနူးကြည့်၍ အသီးအရွက်ဟင်းနှစ်ပွဲကို အဆင်ပြေသလို မှာလိုက်၏။

ချန်ချန်းချင်က ရွှီရှောက်ရန်ကို လေ့လာသုံးသပ်နေသလိုပဲ ရွှီရှောက်ရန်ကလည်း
သူ့ကို အကဲခတ်နေတာဖြစ်သည်။
လုကျန်းဖေဆီမှာ ဖမ်းမိသွားသော်လည်း
ချန်ချန်းချင်က ‌မှင်သေသေဖြစ်နေဆဲ။
ကြောက်ရွံ့တုန်လှုပ်နေဟန်၊ စိတ်ရှုပ်ထွေးနေဟန်မရှိ။ ကြောက်ဖို့မပြောနှင့်၊ တည်ငြိမ်နေ
ပုံက အေးဆေးပဲဖြစ်သည်။ ရှောင်ပြေးရင်း ပြန်ဖမ်းမိသွားသူနှင့် တစ်စက်မှမတူ။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now