//28//

2.9K 559 18
                                    

Unicode

ပထမတစ်ဆင့်တိုး
_________________________________

နောက်တစ်နေ့၊ ညဘက်တွင် ချန်ချန်းချင်နှင့်
လုကျန်းဖေတို့ ပါတီသွားဖြစ်ခဲ့သည်။

မိုးဖွဲတွေ‌ တဖျောက်ဖျောက်ကျဆင်းနေတာမို့
သွားသည့်လမ်းတစ်လျှောက်လုံး ချန်ချန်းချင်
ကားထဲမှာ မှေးခနဲအိပ်ပျော်သွားခဲ့ပြီး ဦးတည်ရာ
ရောက်ခါမှ လုကျန်းဖေက နှိုးလိုက်လေ၏။

"ချန်းချင်..ထတော့၊ ရောက်ပြီ"

ချန်ချန်းချင် မျက်လုံးဖွင့်ကြည့်လိုက်ပြီး
သမ်းမိသွားကာ လုကျန်းဖေနှင့်အတူ ကားပေါ်မှ
ဖြည်းဖြည်းချင်းဆင်းလိုက်သည်။

တသီးတသန့်တွေ့ဆုံပွဲဖြစ်၍ သူငယ်ချင်း
တစ်ဦး၏ private ဗီလာတွင် ဆုံဖို့ စီစဉ်ထား
ခြင်းပင်။ လုကျန်းဖေက ထိုသူတွေနှင့် အတော်
ရင်းနှီးသဖြင့် တံခါးစောင့်ကို အသိပေးပြီးနောက်
ချန်ချန်းချင်နှင့်အတူ ဝင်သွားလေသည်။

"လုကျန်းဖေ၊ မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့?"

လုကျန်းဖေ ဝင်လျှင်ဝင်ချင်း လူအားလုံး၏
အကြည့်က သူ့အပေါ် စုပြုံ‌ကျရောက်လာကာ
အများစုမှာ ဟေးလားဝါးလားလုပ်နေတာ
ဖြစ်သည်။

"ဒီကောင် စိတ်ကူးယဉ်ကမ္ဘာထဲ ဘယ်လောက်
နစ်မြှုပ်နေသလဲ ကြည့်စမ်း၊ ငါတို့သူငယ်ချင်း
တွေကိုတောင် သတိမရတော့ဘူး၊ ဒီနေ့တော့
မင်းအသည်းလေးကို ခေါ်လာပြီပေါ့လေ"

အသည်းလေးဆိုသည်က ချိန်ချန်းချင်ကို
ရည်ညွှန်းခြင်းဖြစ်မည်။

လုကျန်းဖေ၏သူငယ်ချင်းအားလုံးက စနောက်
နေရုံသာ။ လုကျန်းဖေက ယောက်ျားလေး
တစ်ယောက်နှင့်အတူ တစ်ဘဝလုံး ကုန်ဆုံးလိမ့်
မည်ဟု သူတို့ မထင်။ လက်ရှိ ချန်ချန်းချင်က
ထိုစကားကိုကြားရာတွင် အရေးမပါသောကိစ္စလို
အေးစက်စက်နေနိုင်သော်လည်း အတိတ်က
မူလပိုင်ရှင်အတွက်မူ မထီမဲ့မြင်ပြုမူခံရသည်နှင့်
မခြားပေ။

လူတိုင်းက သူ့ကို အပျော်ကစားစရာတစ်ခုလို
ထင်နေ‌သောအခါ ချန်ချန်းချင်အစစ်အနေနှင့်
ခေါင်းမော့ချင်မှာ မဟုတ်တော့။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now