//57//

2.4K 499 29
                                    

Unicode

[ သေခြင်းတရားဟာ ဟုတ်ခနဲငြိမ်းတတ်တဲ့ မီးတောက်တစ်ခုလို ]

လျိုဟွားမေ့နှင့်ချန်ချင်းယန်ကို မီးသဂြိုဟ်သည့်နေ့ကတော့ အဆင်ပြေပြေပြီးသွားခဲ့သည်။

မနက်စောစော သုသာန်ဆီသို့ ချန်ချန်းချင်နှင့်လုကျန်းဖေ ကားဖြင့် လာခဲ့ကြ၏။ မီးသဂြိုဟ်စက်မှ အရိုးပြာများကို ထုတ်ယူပြီးနောက် သတ်မှတ်ရာ‌မြေနေရာသို့ လမ်းလျှောက်သွားဖြစ်သည်။

ကျောက်သားအုတ်ဂူထက်တွင် နာမည်များကို ကမ္ပည်းရေးထိုးထားပြီး လျိုဟွားမေ့နှင့်ချန်ချင်းယန်၏ဓာတ်ပုံလည်းရှိနေသည်။

သုသာန်မှဝန်ထမ်းတစ်ဦးက အနား
ရောက်လာကာ ဆား၊လက်ဖက်၊ဆန်စေ့များ ထည့်ပြီး သဲနှင့်မြေကြီးအုပ်၍ ခပ်ပါးပါးညှိလိုက်ရင်း...

ချန်ချန်းချင်နှင့်လုကျန်းဖေကို ပြောသည်။

"အရိုးပြာ ထားလို့ရပါပြီ"

လျိုဟွားမေ့၏အရိုးပြာအိုးကို ချန်ချန်းချင်ကိုင်ဆောင်ထားခြင်းဖြစ်ပြီး လုကျန်းဖေက ချန်ချင်းယန်၏အရိုးပြာအိုးကို ကိုင်ထားခြင်းပင်။ ချန်ချင်းယွင်က လာကူညီပေးရမလားဟု မေးသော်လည်း ချန်ချန်းချင် မလိုကြောင်း ငြင်းဖြစ်ခဲ့သည်။

ထိုဝန်ထမ်းက ဆို၏။

"‌မိသားစုဝင်တစ်ဦးက မြေကြီးသုံးဆုပ်ယူပြီး အရိုးပြာတွေပေါ်မှာ ကျဲပေးပါ၊ နောင်အနာဂတ်မျိုးဆက်တွေအတွက် ဆုတောင်းပေးတဲ့နည်းလမ်းပေါ့"

ချန်ချန်းချင်က မြေကြီးသုံးဆုပ်ယူကာ
လျိုဟွားမေ့နှင့်ချန်ချင်းယန်၏အရိုးပြာများပေါ် ကျဲပေးလိုက်သည်။

ဘေးမှာ မလှုပ်မယှက်ရပ်နေသည့်
လုကျန်းဖေကို ထိုဝန်ထမ်းက ထူးဆန်းသလိုကြည့်ပြီး

"ခင်ဗျားက မိသားစုဝင်မဟုတ်ဘူးလား"

လုကျန်းဖေ ခါးသက်သက်ပြုံးမိသွားပြီ။

"ဆိုပါတော့"

ချန်ချန်းချင်က ခေါင်းငုံ့ထားကာ ဘာမှ
ဝင်မပြော။ ထို့နောက် လူတစ်ယောက်ရောက်လာပြီး အုတ်ဂူကို ဘိလပ်မြေဖို့လိုက်ကာ အိတ်ထဲမှအဖြူဆွတ်ဆွတ်သဘက်တစ်ထည်ထုတ်၍ ဂူပေါ်မှဖုန်မှုန့်များကို တစ်စမကျန်သုတ်နေလေ၏။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now