//52//

2.4K 499 59
                                    

Unicode

[ အချစ်ပြိုင်ဘက်နှင့် ထိပ်တိုက်ဆုံခြင်း ]

ချန်ချန်းချင် D မြို့သို့ တစ်ယောက်တည်းထွက်ခွာလာခဲ့သည်။

လုကျန်းဖေ မပါသဖြင့် သူ့ကို သတိထားမည့်လူမရှိ။ ဟန်ဟွိုက်ယွင်နှင့်တွေ့ပြီး တစ်နေ့တည်းမှာပဲ ချန်ချန်းချင် လက်မှတ်ဝယ်လိုက်ကာ နောက်တစ်နေ့မှာ အထုပ်အပိုးဆွဲရင်း ထွက်လာခဲ့တော့၏။

နွေဦးပွဲတော်ပြီးလျှင်တောင် ရာသီဥတုက အေးနေဆဲ။

ည ၆ နာရီခန့်တွင် ချန်ချန်းချင် D မြို့သို့ ရောက်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံး အုံ့မှိုင်းနေပြီး မိုးရွာသွန်းနေသည်။ သူ ထီးမယူလာခဲ့မိ။ လေဆိပ်အပြင်ထွက်လျှင်ထွက်ချင်း နီးစပ်ရာဟိုတယ်တစ်ခုမှာ တည်းခိုလိုက်သည်။

ထို့နောက်တွင် လျိုဟွားမေ့ဆီမှဖုန်းက ဆက်တိုက်ဆိုသလို ဝင်လာ၏။ ဂရုစိုက်ဖို့အကြောင်း အထပ်ထပ်မှာနေတာဖြစ်ပြီး ချန်ချန်းချင်လည်း နားထောင်ရင်း တုံ့ပြန်ဖြစ်သည်။

နွေဦးပွဲတော်မရောက်ခင်လေးမှာ
လုကျန်းဖေက come out လုပ်လိုက်ရတာမို့ ယခု ပွဲတော်ကာလပြီးသွားချိန်မှာ
ထိုသူ လွတ်မြောက်ဖို့ အတော်ကြာကြာ
လိုသေး၏။ ထိုအခိုက်အတန့်မှာ ချန်ချန်းချင်ကတော့ ကိုယ်ပိုင်အချိန်ရရှိမည်ပင်။

D မြို့သည် လည်ပတ်သွားလာဖို့ အလွန်
သင့်တော်သောနေရာတစ်ခု။ ကျောက်သားခင်းထားသော သန့်ရှင်းသည့်လမ်းကျယ်များ၊ မြို့ကို ဖြတ်သန်းတည်‌ဆောက်ထား
သောတူးမြောင်းများ၊ ဇိမ်ခံဟိုတယ်များနှင့် bar တွေလည်းရှိ၏။ အပြာရောင်
ကျောက်သားပေါ်သို့ ရွာသွန်းနေသော
မိုးဖွဲက ကြည်လင်နေသောရေအလွှာကို
တလဲ့လဲ့ဖြစ်စေသည်။ ဟိုတယ်တွင်
တစ်ညတည်းခိုပြီးနောက် ချန်ချန်းချင်
D မြို့ကို လှည့်လည်လေပြီ။

D မြို့သို့ရောက်လျှင် တည်းခိုခန်းအသေးစားလေးနှင့် Bar ကို မသွားမဖြစ် သွားကြမြဲ။

ချန်ချန်းချင်က မူလပိုင်ရှင်နှင့်အတူ
တစ်ခါမျှ လာမလည်နိုင်ခဲ့သော်လည်း
ဤမြို့အကြောင်း တီးခေါက်မိပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
ချန်ချန်းချင်အစစ်က D မြို့ကို သဘောကျတာမို့ သူ အချိန်ပေးပြီး လေ့လာခဲ့သော
ကြောင့်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now