//56//

2.4K 507 67
                                    

Unicode

[ Everything Will Get Better, Right? ]

ကိုယ်တိုင်မကြုံဖူးသရွေ့ ခံစားချက်ကို
သေချာနားမလည်နိုင်သော ကိစ္စရပ်များစွာရှိသည်။

အတိတ်က မိဘများသေဆုံးချိန်မှာ
မူလချန်ချန်းချင် ပူဆွေးဝမ်းနည်းရမှန်း
လုကျန်းဖေက သိခဲ့သော်လည်း ထိုမျှနာကျင်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့။

မည်မျှဖော်ပြပါစေ လွင့်ပြယ်မှေးမှိန်နိုင်စွမ်း
မရှိသော အပူသောကမျိုးဖြစ်သည်။
'ပြောမယုံ ကြုံဖူးမှသိ'ဟူသောစကားအတိုင်း ကိုယ်တွေ့ကြုံမှသာ သူ သိနားလည်ခဲ့လေပြီ။

ယခုဘဝမှာ...

လုကျန်းဖေ ဝင်ရောက်စွက်ဖက်မှုမရှိတာတောင် ချန်ချန်းချင်၏မိဘနှစ်ပါးက သေဆုံးသွားရသည်။ နောက်ပြီး အတိတ်ကလိုပဲ လေဆိပ်ကအပြန် အမြန်လမ်းပေါ်မှာ ကားအက်ဆီးဒင့်ဖြစ်ခြင်း။

ကံကြမ္မာက သူ့ကို တစ်နည်းမဟုတ်
တစ်နည်းဖြင့် ပျက်ရယ်ပြုနေသလို။
မူလပိုင်ရှင်ကြုံတွေ့ခံစားခဲ့ရသော အဆမတန်နာကျင်မှုအားလုံးကို ဘယ်လိုနေနေ သူ မြည်းစမ်းရမှာဖြစ်သည်။

ချန်ချင်းယန်နှင့်လျိုဟွားမေ့၏နောက်ဆုံးအချိန်ကို ချန်ချန်းချင် သွားမကြည့်ရဲခဲ့။ ဒီကမ္ဘာကိုရောက်ပြီးမှ ပထမဆုံးအနေနှင့်
သူ့အသွေးအသားထဲထိတိုင် ကြောက်ရွံ့စိတ်ကို ရင်ဆိုင်ခံစားရခြင်းပင်။

ဆေးရုံသို့ပို့သည့်လမ်းတွင် ချန်ချင်းယန် သေဆုံးသွားခဲ့ပြီး လျိုဟွားမေ့ကမူ ကယ်ဆယ်ရေးဌာန၌ အသက်ဆုံးရှုံး
သွားတာဖြစ်ကြောင်း ဆရာဝန်က ပြောပြ
သည်။ သူတို့သေဆုံးချိန် အနေအထားက သိပ်မဟန်လှ။ ချန်ချင်းယန်က ခေါင်းပြတ်ထွက်လုမတတ်ဖြစ်ပြီး လျိုဟွားမေ့သည်လည်း အခြေအနေမကောင်းပေ။

တစ်ဖက်ယာဉ်မောင်းက နေရာမှာတင် ပွဲချင်းပြီး သေသွားခဲ့၏။ မတော်တဆမှုအရင်းခံက ဘာမဟုတ်သည့်ကိစ္စတစ်ခုကြောင့်။ ထိုဒရိုင်ဘာက အမြန်လမ်းပေါ်မှာ
ကားမောင်းရင်း ဆေးလိပ်သောက်ခဲ့တာမို့ ညာဘက်လက်ကောက်ဝတ်ကို steering wheel ပေါ် မှေးတင်ထားရာ အရေးပေါ်အခြေအနေကြုံတွေ့ချိန်တွင် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။ လျိုဟွားမေ့နှင့်ချန်ချင်းယန်တို့ စီးနင်းလာသည့်ကားကို တည့်တည့်ဝင်တိုးမိတော့သည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now