//48//

2.3K 490 25
                                    

Unicode

[ ဖျားနေပြီ ထင်တယ် ]

လျိုဟွားမေ့နှင့်လူကြီးတွေပြန်လာသည့်အခါ အိမ်တံခါးဝတွင် ထိုင်ငိုနေသောချန်ရှောင်းဟွေ့ကို မြင်လိုက်ရ၏။

ချန်ရှောင်းဟွေ့အမေက မေးသည်။

"ရှောင်းဟွေ့၊ သမီး ဘာလို့ တံခါးဝမှာ
ထိုင်နေတာတုံး"

လူ‌ကြီးတွေကို မြင်မြင်ချင်း
ချန်ရှောင်းဟွေ့က မတရားခံရသလိုမျိုး
အော်ငိုလေပြီ။

"ချန်းချင်ကောက သမီးကို အပြင်နှင်ထုတ်လိုက်တာ၊ သမီးဝင်လို့မရအောင် တံခါးပိတ်ပစ်လိုက်တယ်"

ထိုစကားကိုကြားရာတွင် လူတချို့၏
အမူအရာက ဇဝေဇ‌ဝါဖြစ်သွားပုံရသည်။

ချန်ချင်းယွီက ရယ်လိုက်ပြီး

"သမီးအစ်ကိုက နောက်တာနေမှာပါကွယ်"

လျိုဟွားမေ့လည်း နည်းနည်း ကြောင်အမ်းသွားရသည်။

"မငိုပါနဲ့ ရှောင်းဟွေ့၊ အန်တီ သမီးအစ်ကိုကို ခဏနေ ဆူလိုက်မယ်နော်"

လျိုဟွားမေ့ ဤတူမဖြစ်သူကို သိပ်ပြီး
သဘောမကျသော်လည်း။

စကားကို ကြည့်ကောင်းအောင်တော့
ပြောရသည်မဟုတ်လား။

ချန်ချင်းယန်လည်း မျက်နှာသိပ်မကောင်းပေ။

"အိမ်ထဲဝင်ပြီးမှ ဆက်ပြောကြတာပေါ့"

ချန်ချင်းယန် ကလေးဘဝတုန်းက အစ်မတွေ၊ ညီမတွေနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း သူ့အစ်မနှင့်ညီမငယ်ကတော့ သိပ်အကောင်းကြီးမဟုတ်။ ပုံမှန်ဆို
ချန်ချင်းယန်က စကားနည်းသည်။ တစ်အိမ်နှင့်တစ်အိမ် ကူးလူးဆက်သွယ်နေဖို့ မပြောနှင့်၊ အားလပ်ရက်တွေကျမှသာ သူ့အိမ်မှာ ဆွေမျိုးတွေစုပြီး တွေ့‌ဆုံလေ့ရှိ၏။

လျိုဟွားမေ့ သော့ထုတ်၍ အိမ်တံခါးဖွင့်လိုက်ရာ ချန်ရှောင်းဟွေ့ကလည်း အတူဝင်လာသည်။

ဧည့်ခန်းထဲမှာ ချန်ချန်းချင် ရှိမနေ။ အိပ်ခန်းတံခါးသည်လည်း ပိတ်လျက်သား။ ငိုနေဆဲဖြစ်သောချန်ရှောင်းဟွေ့ကို အကဲခတ်ရင်း လျိုဟွားမေ့က ချန်ချန်းချင်၏အခန်းတံခါးကို ခေါက်ဟန်ပြုလိုက်ပြီး

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now