//68//

2.8K 545 135
                                    

Unicode

[ နှစ်သစ်တစ်ခု ချဉ်းကပ်လို့လာ ]

ထိုလက်စွပ်လေးက ချန်ချန်းချင်နှင့်
လုကျန်းဖေကြား အေးခဲနေသောဆက်ဆံရေးကို အတော်လေး အရည်ပျော်သွားစေပုံရသည်။

ချန်ချန်းချင် လက်စွပ်ဝတ်ဖို့လိုလားသည်ကိုကြည့်ပြီး လုကျန်းဖေ အလွန်ကျေနပ်သွားခဲ့၏။ ကိုယ်ပိုင်ဆန္ဒကြောင့် မဟုတ်လျှင်တောင် ချန်ချန်းချင်က သူ့ကိုလက်ခံပေးဖို့ ကြိုးစားမည်ဆိုသော သဘောသက်ရောက်သည်မဟုတ်လား။

လုကျန်းဖေ နားလည်မှုလွဲမှာကို ချန်ချန်းချင်က တွေးပူမနေပါ။ သူ့လက်ကို လုကျန်းဖေ ဆုပ်ကိုင်လာသော်လည်း သူ ရုန်းပင် မရုန်းမိ။

လုကျန်းဖေမျက်နှာထက် အပြုံးဝေဆာနေပြီး ချန်ချန်းချင်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။ ကျေနပ်ပျော်ရွှင်
နေပုံက မသိလျှင် ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်ရထားသည့်အလား။

စားသောက်ပြီးတော့ သူတို့ အိမ်ကို ကားဖြင့်ပြန်ခဲ့သည်။

တစ်နေ့ခင်းလုံးအိပ်ထားတာမို့ ချန်ချန်းချင်
ညဘက်ကျတော့ နိုးကြားနေပြီ။

လုကျန်းဖေက ည ၁၂ နာရီထိုးသည်အထိ စာကြည့်ခန်းထဲနေပြီး အလုပ်ကိစ္စပြီးတော့မှ ချန်ချန်းချင်နှင့်အတူ အိပ်ရာမှာအနားယူလိုက်သည်။

ချန်ချန်းချင်က တီဗီကြည့်နေ၏။ တီဗီအစီအစဉ်သစ်တစ်ခုလာနေတာ ဖြစ်သည်။
အမွေးနုနုနှင့် ပင်လယ်ဖျံလေးတစ်ကောင်အကြောင်းပင်။ တီဗီဖန်သားပြင်ပေါ်တွင် ပင်လယ်ဖျံလေးတစ်ကောင်က ရှေ့နောက်လူးလာခေါက်ပြန်သွားနေသည်မှာ မည်သူ
မဆို အသည်းယားလွန်းလို့ ရင်ခွင်ထဲ
ပွေ့ဖက်ထားချင်စိတ်ပေါက်လောက်သည်။ ပင်လယ်ဖျံစုံတွဲက နမ်းရှုံ့ကလူကျီစယ်နေသေး၏။

အမွေးနုနုသတ္တဝါလေးတွေကို ကြည့်ရင်း
လုကျန်းဖေ စိတ်ကြွလာကာ ချန်ချန်းချင်အနားသို့တိုးကပ်မိပြီ။

ချန်ချန်းချင်က သဘောတွေ့နေသော
လုကျန်းဖေကို ဖျတ်ခနဲကြည့်ပြီး

"မင်း မနက်ဖြန် အလုပ်သွားရမှာမလား"

လုကျန်းဖေ : "သွားရမှာ..."

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now