//58//

2.3K 474 13
                                    

Unicode

[ နိုင်ငံခြားသို့ ထွက်သွားပြီးနောက် ]

ချန်ချန်းချင်ရှေ့တွင် မှန်တစ်ချပ်ရှိနေခဲ့သည်။

မှန်ထဲမှလူက အပြုံးတစ်ပွင့်နှင့်အတူ
သူ့ကို လက်ယပ်ခေါ်ရင်း တစ်စုံတစ်ရာပြောမည့်ဟန် နှုတ်ဟလိုက်၏။ ထိုလူက ခပ်ချောချောပင်။ အဖြူရောင်ညအိပ်ဝတ်စုံဝတ်ထားပြီး ဆံပင်နည်းနည်းရှည်နေကာ ပခုံးနား ထိလုအောင် လျော့ရဲရဲကျနေသည်။

ဝေးရာမှ တဖြည်းဖြည်းနီးကပ်လာသောအသံတစ်သံ။

ထိုအသံက နတ်သမီးပုံပြင်တွေထဲ တေးဆိုသံလို နူးညံ့တိုးဖွပြီး တင့်တယ်သည်။ အရာရာလှပနေသလိုထင်မှတ်ရကာ ချန်ချန်းချင်
ထိုအေးစက်စက်မှန်ကို လက်ဖျားဖြင့်
ထိလိုက်ချိန်မှာတော့...

သူ ထိလျှင်ထိချင်း နဂိုမူလတောက်ပနေသောမှန်ချပ်သည် အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားကာ အက်ကွဲရာကြားမှ သွေးညှီနံ့လှိုင်လျက် သွေးကြောင်းတစ်ခုစီးဆင်းလာချေပြီ။

ချန်ချန်းချင်ရှေ့က မှန်ထဲတွင် အပြုံးမျက်နှာပေါ်လာသည်။ အက်ကွဲရာထင်နေသော်လည်း မျက်ဝန်းများကမူ ကြယ်ရောင်အလား တောက်ပလို့။

ထိုသူက ချန်ချန်းချင်ကို ပြောလေသည် :

/ငါ သေသွားရုံနဲ့တင် မင်းကို အကောင်းဆုံး လက်စားချေပြီးသားဖြစ်မှာ/

ချန်ချန်းချင် အိပ်မက်ဆိုးမှ ဆတ်ခနဲနိုးလာတော့၏။

အချိန်ကား မနက်သုံးနာရီတိတိ။

သူ့ဘေးမှလုကျန်းဖေကမူ မျက်ဝန်းများမှိတ်လျက် အိပ်မောကျနေသည်။

ချန်ချန်းချင် နဖူးမှချွေးစေးများကို ကိုယ့်ဘာသာပွတ်သုတ်ကာ သက်ပြင်းမျှင်းမျှင်း
ချလိုက်မိ၏။

ဖော်ထုတ်ခွင့်မရှိသော တချို့ကိစ္စများက သူ့နှလုံးသားကို ဒဏ်ဖြစ်စေသည်။

ကျောင်းပြန်သွားပြီးကတည်းက
ချန်ချန်းချင် တစ်စက်မှ ကောင်းကောင်း
အိပ်မပျော်။ ယနေ့လည်း ထိုနည်းအတိုင်းပင်။ သူ မျက်လုံးများကို လက်နှစ်ဖက်နှင့်အုပ်ထားလိုက်ပြီး သူ့မျက်နှာမှာ နည်းနည်းဖျော့နေသည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now