//37//

2.5K 553 83
                                    

Unicode

[ ချိန်ရွယ်ချက်ကောင်း ]

သင့်အပေါ်အမြဲကောင်းနေသည့်လူတစ်ဦးက
ရုတ်တရက်ကြီးပြောင်းလဲသွားသည်ဆိုလျှင်
သင့်အနေနှင့် အကြောင်းရင်းကို အသည်းအသန်
ရှာဖွေမိလောက်သည်။ သို့သော် သင့်အပေါ်
ဆိုးခဲ့သည့်လူတစ်ယောက်က ဗြုန်းစားကြီး
ကောင်းကောင်းမွန်မွန်ဆက်ဆံလာပြီဆိုလျှင်
သင် စစချင်း အတိုင်းမသိဝမ်းသာနိုင်၏။

လက်ရှိချိန်ချန်းချင်နှင့်ပတ်သက်လျှင်
လုကျန်းဖေ၏တုံ့ပြန်မှုသည်လည်း ထိုနည်း
အတိုင်းပင်။

ချစ်ရသူက ကိုယ့်အပေါ် ဆက်ဆံရေးပျော့ပျောင်း
လာတာကို သဘောမကျသည့်လူဟူ၍ မရှိ။
ထိုနူးညံ့သိမ်မွေ့မှုက ထင်ယောင်ထင်မှား
ဖြစ်နေခဲ့လျှင်တောင်...။

ချိန်ချန်းချင်၏ကျန်းမာရေးက အလုံးစုံ
မကောင်းသေးသည့်အပြင် လတ်တလော
အစားအသောက်ပါ ပျက်နေပြီး စိတ်အခြေအနေ
လည်း မကောင်းတာမို့ သူ့အဖို့ အဆိုးရွားဆုံး
အချိန်ဖြစ်နေသည်။ သူသာ စိတ်ကျန်းမာရေး
အခြေအနေကို စစ်ဆေးဖို့ တကယ်သွားလျှင်
ရလဒ်က သေချာပေါက် အကောင်းဘက်ကို
ဦးတည်မှာမဟုတ်ပေ။

သို့သော် ချိန်ချန်းချင်ကိုယ်တိုင်လည်း သွားရန်
စိတ်ကူးမရှိ။ သူ နည်းနည်းပင်ပန်းနေရုံဟု
ထင်မိသည်။ လက်ရှိမှာ သူက နာကျင်မှုကို
နှစ်ဆ ခံစားနေရပြီ။ ချိန်ချန်းချင်အစစ်၏
နာကျင်မှုအပြင် လူငယ်ဘဝ၏နာကျင်မှုတွေ။

လွန်ကဲသောစိတ်ဖိစီးမှုက အိပ်မပျော်သည့်
ဝေဒနာကိုဖြစ်ပေါ်စေနိုင်သည်၊ အစာစားချင်စိတ်
ပျောက်စေရုံသာမက စိတ်ကျရောဂါကိုပါ
အစပြုနိုင်၏။ သို့ရာတွင် ချိန်ချန်းချင်က
လူတွေအကြောင်း အထာနပ်နေပြီမို့ အများ
ရှေ့မှာ ဟန်မပျက်ဘဲ ဘယ်လိုနေရမလဲဆိုတာ
ကောင်းကောင်းသိသည်။

ထို့ကြောင့်လည်း တစ်အိမ်တည်းအတူနေသော
ကျူးမောက်တောင်မှ ချိန်ချန်းချင်၏လွဲမှားမှုကို
လုံးလုံးမရိပ်မိခဲ့ချေ။ ယခင်နှင့်မတူဘဲ ခြားနား
သွားတာတစ်ခုက ချိန်ချန်းချင်သည် ကျောင်းစာ
ဘက်ကို လစ်ဟင်းလာပေပြီ။ စာဖတ်သော်လည်း
စာလုံးများကို မြင်ဟန်မတူ။ အချိန်အများစုမှာ တွေတွေငေးငေးဖြစ်နေတော့သည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now