//74// Ending

6K 612 230
                                    

Unicode

[ ဒီဇာတ်လမ်းလေးကို နှစ်သက်ပါရဲ့လား ]

ချန်ချန်းချင် အလင်းတန်းတစ်စကို
မြင်နေရသည်။

နွေးထွေးတောက်ပသောအလင်းတန်းတစ်လျှောက် သူ လိုက်လာရင်း ဥမင်အဆုံးမှာ ခြေလှမ်းရပ်ကာ ခေါင်းမော့ကြည့်လိုက်၏။

အလင်းတန်းအဆုံးတွင် အရိပ်မည်းတစ်ခု ထီးထီးရပ်လို့။

ထိုအရိပ်၏ပုံပန်းသဏ္ဍာန်ကို သူ ရင်းနှီးနေ
သယောင်။ စက္ကန့်ပင်မဆိုင်း ချန်ချန်းချင် မည်သူလဲဆိုတာကို မှန်းဆနိုင်သွားကာ အော်ခေါ်လိုက်သည်။

"ချန်းချင်"

ထိုအရိပ်က လူးလွန့်သွား၏။ အရိပ်ပိုင်ရှင်သည် ချန်ချန်းချင်၏ခေါ်သံကို ကြားသွားပုံရသည်။ ထို့နောက်တွင် အရိပ်နောက်က မျက်စိကျိန်းလောက်ဖွယ်အလင်းတန်းဟာ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး
အနက်ရောင်အလင်းက ထိုအရိပ်မျက်နှာကို ထင်ဟပ်စေပြီ။

ချောမောသောမျက်နှာ၊ ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ ထိုအရိပ်က ဆိုလိုက်သည်။

"လုကျန်းဖေ၊ မတွေ့တာ အတော်ကြာခဲ့ပြီ"

ယင်းက ချန်ချန်းချင်အစစ်။

လက်ရှိချန်ချန်းချင်- မဟုတ်သေး၊ အတိအကျဆို လုကျန်းဖေဟုပြောရမည်။ လုကျန်းဖေ ချန်ချန်းချင်အစစ်ကိုမြင်သည့်အခိုက်မှာ ထွေထွေထူးထူးခံစားချက်များစွာ
ပေါ်ပေါက်မလာဘဲ ဝမ်းနည်းမှုနှင့်အပြစ်ရှိစိတ်တို့သာ ရင်ထဲပြည့်လာ၏။

အချိန်က အရာအားလုံးကို တိုက်စားဆေးကြောပစ်မည်သာ။

အချိန်ကြာလာသည်နှင့်အမျှ အနင့်နဲဆုံးစိတ်ခံစားချက်တို့ပင် အေးခဲသွားတာဖြစ်သည်။ ဒါကြောင့်လည်း လုကျန်းဖေက မူလချန်ချန်းချင် သေဆုံးပြီးနောက်မှာ သူ့ကိုယ်သူ အဆုံး
စီရင်ခဲ့တာ။ သူ ချန်ချန်းချင်ကိုသာ မေ့သွားခဲ့လျှင် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်နိုင်မည်
မထင်။

ချန်ချန်းချင်အစစ်က တစ်ထေရာတည်းတူနေသောမျက်နှာကိုကြည့်ရင်း အံ့အားသင့်သွားပုံမပေါ်ဘဲ

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now