Extra(3) Original Chen Qianqing

3.5K 490 72
                                    

Unicode

Original Chen Qianqing's POV

[ ဒီကမ္ဘာက မင်းအပေါ် သက်ညှာထောက်ထားပါစေ ]

မူလချန်ချန်းချင်အတွက်တော့ သေခြင်းတရားက ချိုမြိန်ခဲ့သည်။

သူ လောကကြီးကနေ မထွက်ခွာခင်၊ နောက်ဆုံးအနေနှင့် နောင်တရတာက
လုကျန်းဖေနှင့် တွေ့ဆုံခဲ့မိတာကိုပင်။

ငယ်ရွယ်သော မူလချန်ချန်းချင်သည် စန္ဒရားကောင်းကောင်းတီးတတ်၏။ မိန်းကလေးတွေကို ပစ္စည်းအလေးတွေ ကူသယ်ပေးဖို့လည်း ဝန်မလေးတတ်ခဲ့။ သူခိုးတွေ့လျှင်လည်း ကြောက်ရွံ့တွန့်ဆုတ်ခြင်းမရှိဘဲ အကူအညီလိုအပ်သူကို ကူညီလေ့ရှိခဲ့သည်။

မူလချန်ချန်းချင်က သူ့မာနနှင့်သူ ဖြစ်၏။ သို့ပေမယ့် ထိုမာနက သူ့ကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်မကင်းကွာစေဘဲ ပိုလို့
ဆွဲဆောင်မှုရှိစေခဲ့ခြင်းပင်။

မူလချန်ချန်းချင်နှင့်လုကျန်းဖေ ဆုံစည်းခဲ့ခြင်းဟာ အမှားတစ်ခုသာ။ သူတို့နှစ်ဦး
မတွေ့ဆုံခဲ့ပါက ချန်ချန်းချင်သည်
မိန်းကလေးတစ်ယောက်နှင့် လက်ထပ်၊ ကလေးတွေမွေးပြီး သမားရိုးကျဘဝတစ်ခုကို ရှင်သန်နိုင်ခဲ့မှာဖြစ်သည်။

စိတ်မကောင်းစရာကတော့....

ဒီကမ္ဘာပေါ်မှာ 'အကယ်၍'ဟူသော စကားလုံးသည် ဘယ်တော့မှမဖြစ်တတ်ခဲ့။

လုကျန်းဖေက မူလချန်ချန်းချင်ကို တွေ့ဆုံပြီး အပြီးပိုင် ဖျက်ဆီးပစ်ခဲ့လေသည်။

အချိန်အတော်ကြာသည့်တိုင်
ချန်ချန်းချင်က လုကျန်းဖေ သူ့ကိုချစ်သည်ဆိုသောအချက်အား မယုံကြည်နိုင်ခဲ့။ ဒါမှမဟုတ် တချို့သောအချက်တွေက ထိုယုံကြည်လိုစိတ်ကို ညက်ညက်ကြေအောင် ‌ခြေမွပစ်ခဲ့တာ ဖြစ်မည်။

လုကျန်းဖေ၏လည်တိုင်ထက်မှနှုတ်ခမ်းနီရာကို မြင်စဉ်က မူလချန်ချန်းချင် ထုတ်မေးနိုင်စွမ်းမရှိခဲ့။ သူနှင့်လုကျန်းဖေကြား ဆက်ဆံရေးကိုသာ ထူးဆန်းနေတာဖြစ်မည်။ လုကျန်းဖေသာ သူ့အပေါ် ပိုပြီး စိတ်ရှည်ပေးဖို့ လိုလားခဲ့မည်ဆိုလျှင် သူတို့အခြေအနေ
ဒီလောက်မဆိုးသွားတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now