//62//

2.9K 558 82
                                    

Unicode

[ လိပ်ပြာတစ်ကောင်၏တောင်ပံများ ]

လုကျန်းဖေက ဒေါသထွက်နေသော်လည်း တည်ငြိမ်နေခဲ့သည်။ သူ့အောက်မှ ချန်ချန်းချင်၏ဖြူဖျော့ဖျော့မျက်နှာကို စေ့စေ့ကြည့်ရင်း မျက်နှာပေါ်ဖရိုဖရဲကျနေသောဆံစများကို အသာသပ်တင်ပေးလိုက်ကာ

"ချန်းချင်၊ ကိုယ် မင်းကို ပြောခဲ့သားပဲ၊
မင်းသာ ကိုယ့်ကို ထားမသွားသရွေ့ အားလုံးအဆင်ပြေတယ်လို့"

ဒါပေမယ့် မင်း ကတိဖျက်ခဲ့တယ်လေ။

ချန်ချန်းချင်က ဆိုဖာထက် လဲလျောင်းရင်း နှုတ်ဆိတ်လျက်ရှိသည်။ နူးညံ့မှုတွေ လုံးဝ
မှေးမှိန်နေသည့် လုကျန်းဖေ၏မျက်နှာကိုကြည့်ရင်း သူ မပီမပြင်ပြုံးလိုက်သည်။

"လုကျန်းဖေ၊ ငါ ထွက်မသွားခဲ့ချင်ရင်တောင် အဲ့လိုလုပ်လို့ရမယ် ထင်လို့လား"

ချန်ချန်းချင်၏ဆိုလိုရင်းကို လုကျန်းဖေ
သိသဖြင့် ခပ်ဖွဖွပြုံးမိသွားကာ

"မင်းက သိပ်ကို ဉာဏ်နီဉာဏ်နက်များ
တာပဲ"

ချန်ချန်းချင်က တစ်စက်မှတွေဝေခြင်းမရှိပါဘဲ သူ့ကို ထားခဲ့တာဖြစ်သည်။ ယခုကျတော့ စကားလုံးနည်းနည်းလောက်နှင့် သူ့ကို ယိမ်းယိုင်အောင်လုပ်ဖို့ ကြိုးစားနေပြန်ပြီ။
မသိလျှင် သူတို့နှစ်ဦးက မိဘများ၏
ပယောဂကြောင့် တကယ်ကွဲကွာခဲ့ရသည့်အတိုင်း။

လုကျန်း‌ဖေ : "ပေါင်ပေ့၊ မင်း ဘယ်လောက်ပဲ စကားတတ်ပါစေ ဒီနေ့ ကိုယ့်လက်ကနေ
ပြေးမလွတ်တော့ဘူး"

စိတ်ဆန္ဒတွေပြင်းပြလာသည့်အခါ ဆင်ခြင်သိစိတ်က ယာယီမျှတော့ ဘေးရောက်သွားတတ်သည်။ အတိတ်က လုကျန်းဖေကို
ချန်ချန်းချင် အလွယ်တကူထိန်းချုပ်လို့မရနိုင်ခဲ့တာ အသိသာပင်။ ချန်ချန်းချင် ဖုံးကွယ်ထားတာရှိမှန်း သူသိသည်။ ချန်ချန်းချင်၏
လုပ်ရပ် မမှားမှန်းလည်း သူသိသည်။ သို့သော် လုကျန်းဖေ ခွင့်မလွှတ်နိုင်။

ချန်ချန်းချင် သူ့အပေါ် ခံစားချက်
နည်းနည်းမှမရှိမှန်း သူမြင်‌နေတာတောင် ငြင်းဆန်ချင်ဆဲ။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now