//16//

3.3K 659 49
                                    

Unicode

ခါးသက်သက် ချောကလက်
______________________________

အဆောင်မှာ ထိုင်နေရင်း ချန်ချန်းချင်
ဟမ်းစတားလေးကို ကြည့်ဖြစ်သည်။

ကျူးမောက်က ထူဝေါ်ဆိုသောဟမ်းစတား
လေးကို ကောင်းကောင်းမွေးထားသည်ပင်။
ဝဝတုတ်တုတ်၊ အမွေးအိအိလေး။ လက်ဖဝါး
ပေါ်တင်ထားသည့် အကောင်ပေါက်လေးက
ပန်းသီးစိတ်ကို တတိတိကိုက်ဝါးနေသည်မို့
ချန်ချန်းချင် ကြည့်နေမိ၏။

ကျူးမောက် အပြင်မှပြန်လာချိန်မှာ
ထိုမြင်ကွင်းက ဆီးကြိုသည်။

တကယ်တော့ ချန်ချန်း‌ချင် ကျောင်းပြန်တက်ချိန်
မှစ၍ ယခင်ထက် ခပ်လျှိုလျှိုနေလာပြီး
အလိုက်သင့်နေလို့ရသည်ဟု ကျူးမောက်
ခံစားမိ၏။ သို့သော် ချန်ချန်းချင်နှင့်ရင်းနှီးဖို့
မလွယ်ချေ။

ဟမ်းစတားလေးကိုင်ထားသည့် ချန်ချန်းချင်၏
ပုံစံကတော့ ကျူးမောက်ကို ပိုပြီးစိတ်သက်သာ
စေသည်။

"ချန်းချင်၊ ငါ လိမ္မော်သီးတွေ ဝယ်လာတယ်၊
စားမလား"

ချန်ချန်းချင်က ခေါင်းမော့မကြည့်ဘဲ

"မစားဘူး"

ကျူးမောက် ပြောမိသည်။

"မင်း အခုတလော အစားအသောက်နည်းလာ
တယ်နော်၊ သစ်သီးဆိုလည်း ကြိုက်ပုံမရဘူး၊
မင်းခန္ဓာကိုယ်က ကြာရင် တောင့်ခံနိုင်ပါ့မလား"

ချန်ချန်းချင်က အစားအသောက်ကြေးများတာ
မဟုတ်ဘဲ ဒီအတိုင်း စားချင်စိတ်အာသီသ
မရှိတာပင်။ ဘာကိုပဲမြင်မြင် သူ စားချင်လာ
တာမျိုး မဖြစ်။ ဘယ်အရာကမှ သူ့အား
စိတ်ဝင်စားလာအောင် မဆွဲဆောင်နိုင်။

သို့သော် ကျူးမောက်၏စကားကိုကြားသည့်
အခါမှာတော့ သူ ပြောလိုက်သည်။

"ငါ့ကို တစ်လုံးပေး"

သူ့ဘာသာဆို ကိစ္စမရှိသော်လည်း
ဤခန္ဓာကိုယ်ကိုတော့ ထိခိုက်စေလို့မဖြစ်။

ချန်ချန်းချင် ခေါင်းငုံ့ရင်း လိမ္မော်သီးအခွံခွာ
လိုက်သည်။ သူ တကယ်ကို လိ‌‌မ္မော်သီးမကြိုက်
ပေ။ သို့သော် ကျောင်းမှာက လုကျန်းဖေတို့အိမ်
မှာလို အသီးစုံစုံလင်လင်မရှိသဖြင့် သူ ဘာနေနေ
စားရပေမည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now