//65//

2.7K 524 46
                                    

Unicode

[ ဟယ်လို အတန်းဖော် ]

နာရီလက်တံရွေ့လျားသံက တချက်ချက်။

လုကျန်းဖေ နိုးလာချိန်မှာ ဘေးဘက်က
နေရာမှာ လွတ်နေကြောင်း တွေ့ရသည်။
သူ ရှုပ်ပွနေသောဆံပင်ကို သပ်ချရင်း အိပ်ရာမှထလိုက်ကာ အနွေးထည်တစ်ထည်ဝတ်ပြီးနောက် ဝရန်တာသို့ထွက်လာလိုက်၏။

တကယ်လည်း ဝရန်တာ၌ ဆေးလိပ်သောက်နေသော ချန်ချန်းချင်ကို တွေ့ရပြီ။
ချန်ချန်းချင်က အနွေးထည်မဝတ်ထား။
အဖြူရောင် ညအိပ်ဝတ်စုံနှင့်ပဲ ဖြစ်သည်။
ပေါ်လွင်နေသော လက်ကောက်ဝတ်
နှစ်ဖက်က ပိန်သွယ်လွန်းကာ စိမ်းမြမြသွေးကြောများကိုပင် ခပ်ရေးရေးမြင်နိုင်၏။

လုကျန်းဖေ အနားလျှောက်သွားကာ
ချန်ချန်းချင်ဘေးမှာ ရပ်လိုက်ပြီး အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ထုတ်ယူ၍ မီးညှိ၊ ဖွာရှိုက်လိုက်သည်။

ချန်ချန်းချင် ဒီကိုရောက်နေတာ တစ်ပတ်ကြာပြီ။ တစ်ပတ်လုံးလုံး ချန်ချန်းချင်က အလွန်တည်ငြိမ်နေပြီး နည်းနည်းမှမသက်သာဟန်
မပြ။ လုကျန်းဖေက တစ်အိပ်ရာတည်းအတူအိပ်ဖို့ အကြုံပြုသည်ကိုပင် ချန်ချန်းချင်က
နည်းနည်းကန့်ကွက်ပြီးနောက် ညှိနှိုင်းသဘောတူခဲ့သေးသည်။

ချန်ချန်းချင်က အလိမ်မာနည်းဖြင့် ခုခံနေခြင်းပေလားဟု လုကျန်းဖေ ခံစားရ၏။
သို့သော် ချန်ချန်းချင် ထိုအတိုင်းရှေ့ဆက်နေလျှင်တောင် လုကျန်းဖေအတွက် ဘာမှ
မဖြစ်။ အချိန်က အရာရာကို ပြောင်းလဲနိုင်စွမ်းသည်။ ကျောက်တုံးတစ်တုံးကိုပင်
ရေရှည်အပူတိုက်လျှင် အရည်မပျော်ရိုးထုံးစံမရှိ။

နှစ်ဦးသား တိတ်ဆိတ်စွာဖြင့် စီးကရက်ကုန်အောင် သောက်ဖြစ်ကြရင်း။ လုကျန်းဖေက ချန်ချန်းချင်ကို မနက်စာကောင်းကောင်းစားဖို့ မှာပြီးသည်နှင့် ထွက်သွားဖို့ပြင်ရ၏။ သူ အခုတလော တအားအလုပ်များနေသည်။
နေ့တိုင်း ချန်ချန်းချင်ကို အဖော်ပြုဖို့ အချိန်ပေးလျှင်တောင် လုကျန်းဖေမှာ တကယ်
နားဖို့အချိန်ပိုဆိုတာ မရှိသလောက်ပင်။

စီးကရက်ကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီးနောက် ချန်ချန်းချင်က ထွက်ခွာခါနီးလုကျန်းဖေနှင့်ဆန့်ကျင်ရာကို မျက်နှာမူ၍ ဆိုသည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now