//14//

3.4K 626 35
                                    

Unicode

Twinkle twinkle little star
(မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေး)
__________________________________

ဒေါသထွက်နေသောလုကျန်းဖေကို ရင်ဆိုင်ရ
သည့်အခါ ချန်ချန်းချင် သက်ပြင်းဖွဖွချမိပြီး
ကိုယ်တိုင်တူးထားသော သေတွင်းထဲသို့
ခုန်ဆင်းရုံသာရှိလေသည်။

"ငါ သေချာတယ်"

လုကျန်းဖေက လက်ထဲမှကိရိယာကို လွှတ်ချ
လိုက်ပြီး ရှေ့တိုးလာကာ ချန်ချင်းချင်ကိုပွေ့ချီ
လေ၏။ အရင်တုန်းက ချန်ချန်းချင် ဘာမှ
မခံစားမိသော်လည်း ယခုတော့ လုကျန်းဖေက
ပေါင်များစွာလေးသောသူ့ကို အသာလေး
ချီမ,နိုင်တာမို့ ထိုသူ တကယ်သန်မာကြောင်း
ဝန်ခံရပေမည်။

လုကျန်းဖေက ဘာမှမပြောဘဲ နှုတ်ဆိတ်စွာဖြင့်
ချန်ချန်းချင်ကို ပွေ့ချီရင်း ဒုတိယထပ်၊ စန္ဒရား
အခန်းကနေ အိပ်ခန်းသို့ ဦးတည်လေပြီ။

ယခုအခိုက်အတန့်မှာ ချန်ချန်းချင်က အရူး
တစ်ယောက်ဖြစ်နေရင်တောင် လုကျန်းဖေ၏
ရည်ရွယ်ချက်ကို မသိဘဲနေမှာမဟုတ်။ ထို့ပြင်
ချန်ချန်းချင်ကိုယ်တိုင်လည်း ထိုအပြုအမူကို
လုပ်ဖူးသည်လေ။

ဟုတ်သည်။ အတိတ်က သူ မူလချန်ချန်းချင်ကို
ပွေ့ချီပြီး အိပ်ရာပေါ်ပစ်ချတာမျိုး လုပ်နေကျ။
စိတ်မကောင်းစရာက ယခုအချိန်မှာ သူကိုယ်တိုင်
ပွေ့ချီခံရသောအဖြစ်သို့ ရောက်သွားတာပင်။

အလွန်ကျယ်ပြန့်သောအိပ်ရာက နူးညံ့လွန်းနေ
၏။ ချန်ချန်းချင် အိပ်ရာပေါ်တွန်းလှဲခံရသည့်
အခါ မူးနောက်နောက်နှင့် အတော်နာကျင်သွားရ
သည်။ သို့သော် ထိုအချက်က လောလောဆယ် အကြီးမားဆုံးပြဿနာမဟုတ်။ လုကျန်းဖေကို
ဒေါသပြေလျော့အောင် ဘယ်လိုလုပ်မလဲဆိုတာ
အရေးကြီးနေ၏။

ချန်ချန်းချင် ဆိုလိုက်သည်။

"လုကျန်းဖေ၊ မင်း တကယ်ကြီး အဲ့လို
လုပ်မလို့လား"

လုကျန်းဖေက ချန်ချန်းချင်၏စကားကို လုံးလုံး
ကြားပုံမပေါ်။ ချန်ချန်းချင်က သူ့အတွက်
စန္ဒရားတီးပေးဖို့ငြင်းခဲ့ပြီးပြီ။ လုကျန်းဖေ
ဘက်မှကြည့်လျှင် ချန်ချန်းချင်က မပြေလည်
လိုသည့်သဘော သက်ရောက်သွားသည်။
သို့နှင့် ချန်ချန်းချင် ဘာတွေပဲပြောပါစေ
အသုံးမဝင်တော့။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now