//25//

2.9K 615 28
                                    

Unicode

သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့
_________________________________

ချန်ချင်းယွီ၏ကိစ္စကြောင့် ‌အိမ်တွင်းလေထုမှာ
တင်းမာသွားလေသည်။

နေ့လယ်ပိုင်းဆို လျိုဟွားမေ့က အိမ်မှာမနေဘဲ
square dance ကဖို့ ထွက်သွားလေ့ရှိကာ
ချန်ချန်းချင်နှင့်လုကျန်းဖေကမူ နေ့ခင်းနေ့လယ်
တစ်ရေးတစ်မော အိပ်စက်ဖြစ်၏။

ချန်ချန်းချင်က အိပ်စက်နှုန်းသိပ်မကောင်းသေး။
ညဘက်ဆို တစ်ခဏလောက်ပဲ အိပ်ပျော်တာမို့
နေ့လယ်ပိုင်းကျမှ တစ်မှေးအိပ်ပြီး အားပြန်ဖြည့်
ရသည်။ ချန်ချင်းယွီတို့သားအမိ အိမ်လာလည်
သဖြင့် လုကျန်းဖေတစ်ယောက် ချန်ချန်းချင်နှင့်
တစ်ခန်းတည်းအတူနေဖို့ရာ အကြောင်းပြချက်
ပိုရသွားလေပြီ။

နေ့လယ် ၁ နာရီမှာ ချန်ချန်းချင်က အိပ်ရာဝင်
သွားကာ တစ်နာရီလောက် အိပ်ပျော်သွားခဲ့သည်။
နေ့လယ်၂ နာရီခွဲအတိတွင် ပြန်နိုးလာတာမို့
အိပ်ရာထဲမှာပဲ ဖုန်းထုတ်၍ ဂိမ်းဆော့နေ
လိုက်၏။

ဘေးမှလုကျန်းဖေကတော့ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေပြီး သုံးနာရီကျမှ နိုးလာသည်။
မျက်လုံးဖွင့်ဖွင့်ချင်း သူ့နံဘေးက ချန်ချန်းချင်ကို
မြင်လိုက်ရပြီ။ ချန်ချန်းချင်က နှုတ်ခမ်းစွန်း
ကုတ်ကျလျက်ရှိပြီး ဂိမ်းဆော့နေသည်။

လုကျန်းဖေကြည့်နေရင်း သူ့နှလုံးသားမှာ
ရေပွက်ထသွားသလို ခံစားလိုက်ရ၏။

လုကျန်းဖေက ချန်ချန်းချင်၏နှုတ်ခမ်းကို
လှစ်ခနဲ လှမ်းနမ်းလိုက်ပြီး

"ချန်းချင်၊ ကိုယ် လိုချင်တယ်"

ချန်ချန်းချင်က မော့မကြည့်။

"မင်း ဟိုနေ့ကမှ လုပ်ထားတာလေ"

သို့ပါသော်လည်း လုကျန်းဖေက ရေဘဝဲ
တစ်ကောင်နှယ် ချန်ချန်းချင်ကို တွယ်ကပ်ထားပြီ
ဖြစ်ကာ အတည်ပေါက် ပြောလာသည်။

"အဲဒါက အတင်းအဓမ္မလေ၊ ကိုယ်က နှစ်ဦး
နှစ်ဖက်သဘောတူတာကို လိုချင်တာ"

ချန်ချန်းချင် : ".............."

အတင်းအဓမ္မဆိုတာတော့ သိသေးတယ်ပေါ့?
မင်းမှာ အရှက်ကော ရှိသေးရဲ့လား။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now