//50//

2.5K 494 49
                                    

Unicode

[ နှင်းဝေသောနေ့များ ]

ယွမ်ဝမ်ဟုန်ဖုန်းခေါ်၍သာ ချန်ချန်းချင်က မှန်းဆတာ မှန်သွားကြောင်း သိလိုက်ရသည်။

လုကျန်းဖေ မိဘအိမ်မှာ ခြေချုပ်မိသွားပြီမို့ သူတို့နှစ်ဦး ခရီးထွက်မည့်အစီအစဥ်လည်း ပျက်သွားခဲ့ပြီ။

လုကျန်းဖေ မလိုက်နိုင်မှတော့
ချန်ချန်းချင်က တစ်ယောက်တည်းသွားရုံသာရှိသည်။

နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့တွင်
ချန်ချင်းယွင်၏တစ်ဦးတည်းသောသား
ချန်ယဲ့က အိမ်ပြန်လာခဲ့သည်။

နွေဦးပွဲတော်အတောအတွင်း ရထားလက်မှတ်ဝယ်ရတာ ခက်တတ်၏။ ချန်ယဲ့လိုမျိုး အပြင်မှာ အလုပ်လုပ်နေတာကြာပြီဖြစ်သူအဖို့ တစ်ခါတစ်ရံအိမ်ပြန်လာခြင်းက
ခါတိုင်းနှင့်မတူ ဇိမ်ကျပေသည်။

ထိုဝမ်းကွဲအစ်ကိုကို ချန်ချန်းချင်ကတော့
စိတ်ထဲ မှတ်မှတ်ထင်ထင်ရှိနေသည်။
အတိတ်က ချန်ချန်းချင်၏မိဘနှစ်ပါး
ဆုံးသွားပြီးနောက် ဈာပနအခမ်းအနားကို
ထိုသူ တာဝန်ယူဆောင်ရွက်ခဲ့သောကြောင့်ပင်။ ထိုစဉ်က ချန်ယဲ့သည် လုကျန်းဖေနှင့်
ချန်ချန်းချင်ကြား ဆက်ဆံရေးကို မသိခဲ့။
သိရှိသွားချိန်မှာတော့ ထိုသူက ငွေညှစ်ခဲ့လေ၏။ ငွေနှစ်သန်းပေးလျှင် ချန်ချန်းချင်၏မိဘများကို တိုက်မိခဲ့သည့်ကား
ဒရိုင်ဘာအား လွှတ်ပေးလိုက်မည်ဖြစ်ကြောင်း။ ချန်ချန်းချင်၏ကိစ္စများဖြင့် လုကျန်းဖေ ခေါင်းရှုပ်နေခဲ့တာမို့ ချန်ယဲ့နှင့်အပေးအယူမလုပ်ခဲ့ပေ။ လုကျန်းဖေက
ချန်ချန်းချင်၏မိဘများကို သေစေအောင်လုပ်ခဲ့တာမဟုတ်သော်ငြား လျိုဟွားမေ့တို့လင်မယားက ချန်ချန်းချင်အတွက် A မြို့သို့လာရင်း လေဆိပ်ကအထွက်မှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့သည်မို့ သူ့ပယောဂမကင်းဟုဆိုရမည်။

လုကျန်းဖေ၏မိသားစုက ငွေနှစ်သန်းကို ဘယ်ပုံဘယ်နည်းပေးလိုက်သလဲ သူ မသိ။ ချန်ယဲ့က ထိုငွေနှစ်သန်းကိုယူကာ မူလ
ချန်ချန်းချင်ဆီ ဆက်သွယ်ဖို့ လုံးဝမကြိုးစားတော့ဘူးဆိုတာပဲ သူသိခဲ့သည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now