//67//

2.8K 601 149
                                    

Unicode

[ ကျေးဇူးပြုပြီး လက်စွပ်လဲလှယ်လို့ရပါပြီ ]

လုကျန်းဖေကမ်းပေးသောပဝါစဖြင့်
အေးအေးဆေးဆေး လက်သုတ်ပြီးနောက် ချန်ချန်းချင်က အပြင်မှစားပွဲထိုးတစ်ဦးကို လှမ်းခေါ်ကာ ကြမ်းပြင်ပေါ်ရှိဖန်ကွဲစများနှင့်
ဖိတ်စင်သွားသောရေကွက်ကို ရှင်းလင်းခိုင်း
လိုက်သည်။ ယခုတော့လည်း ချန်ချန်းချင်က အလွန်ယဉ်ကျေးနေ၏။ အခုလေးတင်
မားချိုးကို တဲ့တိုးပညာပြခဲ့သည်မှာ သူ မဟုတ်သည့်အတိုင်း။

ချန်ချန်းချင် လုပ်စရာရှိတာအားလုံးလုပ်ပြီးနောက်မှာ အားလုံးက သူ့ကိုကြည့်နေဆဲမို့
သူ ထပ်ပြုံးပြလိုက်သည်။

"တစ်ခုခုလိုအပ်တာရှိလို့လား"

လူတိုင်း အမြန် အကြည့်လွှဲလိုက်ကြ၏။

လုကျန်းဖေက ချန်ချန်းချင်၏လက်ကို လှမ်းကိုင်ကာ စေ့စေ့စပ်စပ်ကြည့်ရင်း
တီးတိုးရေရွတ်သည်။

"ကိုယ် ဒီမှာရှိတာပဲကို၊ ဘာလို့ မင်းလက်တွေ အထိခိုက်ခံရတာလဲ"

ချန်ချန်းချင်က လက်ပြန်ရုပ်လိုက်ပြီး

"ကိုယ်တိုင်လုပ်တာ ပိုကောင်းတယ်လေ"

လုကျန်းဖေ တွေးကြည့်လိုက်တော့
ချန်ချန်းချင်ပြောတာ အတော်လေး အကျိုးအကြောင်းသင့်သည်ဟု ခံစားရသည်။

ချန်ချန်းချင်လိုပဲ လုကျန်းဖေ အခန်းထဲ
ဝင်လာချိန်မှာ မားချိုးကို ဆုံးမပြီး သူ့လက်ချက် မြည်းစမ်းစေချင်တာဖြစ်သည်။ အကယ်၍ လုကျန်းဖေဆီမှာသာ အထိုးခံရလျှင် မားချိုးတစ်ယောက် ဆေးရုံသို့
အရေးပေါ်ရောက်ရှိသွားမှာပင်။

သို့ပေမယ့် မားချိုး အခုလောလောဆယ် ထိုသို့အရေးပေါ်အခြေအနေမဟုတ်လျှင်တောင် လုကျန်းဖေကတော့ အာမခံနိုင်သည်။ မားချိုးအဖို့ နောက်ပိုင်းနေ့ရက်များက သိပ်လွယ်တော့မှာမဟုတ်ချေ။

ဤအဖြစ်အပျက်ပြီးနောက်မှာ ချန်ချန်းချင်အပေါ် လူတိုင်းအမြင်က ပြောင်းလဲသွားပြန်ပြီ။ ဒီလိုကျိုးပဲ့လွယ်တဲ့ပုံစံနဲ့ ကောင်လေးက ဒီလောက်ထိ ကြမ်းလိမ့်မယ်လို့ ဘယ်သူ ထင်ထားပါ့မလဲ။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now