//34//

2.6K 538 26
                                    

Unicode

[ အိမ်ပြောင်းကြပြီ ]

ကောင်းကျစ်ယွီဆိုက်ရောက်လာခြင်းက
ချိန်ချန်းချင်၏တက္ကသိုလ်ကျောင်းသားဘဝကို
အတော်လေး ဆိုးဝါးစေပုံရသည်။
ကောင်းကျစ်ယွီက ကျောင်းမှာသိပ်မနေ
သော်လည်း နေ့တိုင်း မနက် ၁ နာရီ၊ ၂ နာရီ
လောက်ဆို ပြန်လာတတ်ပြီး နေ့မွန်းတည့်သည်
အထိ ထိုးအိပ်လေ့ရှိကာ နေ့လယ်ပိုင်းအတန်း
ကိုလည်း လာမတက်။

ချိန်ချန်းချင်၏အိပ်စက်နှုန်းမှာ သိပ်မကောင်း
သေးတာမို့ ဆူညံသံနည်းနည်းလောက်ကြားရုံနှင့်
နိုးလာတတ်သည်။ ယခု ကောင်းကျစ်ယွီကိုပါ
သည်းခံနေရသောအခါ ချိန်ချန်းချင်၏
အိပ်စက်နှုန်းမှာ သိသိသာသာ ထိခိုက်လာ
တော့သည်။

ကောင်းကျစ်ယွီလိုလူမျိုးနှင့် ညှိနှိုင်းပြောဖို့လည်း
ချိန်ချန်းချင် စိတ်ကုန်သည်။ မည်သူကမှ
လွယ်လွယ်ကူကူလိုက်လျောချင်မှာ မဟုတ်သဖြင့်
ချိန်ချန်းချင်က ကျူးမောက်နှင့် အပြင်မှာ
အိမ်ငှားနေဖို့ တိုင်ပင်ဖြစ်လေ၏။

ကျူးမောက်လည်း ချိန်ချန်ချင်း၏အကြံကို
လက်ခံသည်။ အပြင်မှာ ကိုယ့်ဘာသာ
အိမ်ငှားနေမည်ဆိုလျှင် အဆောင်မီးပိတ်ချိန်ကို
စိတ်မပူရတော့။ စာကျက်ရတာလည်း ပိုပြီး
အဆင်ပြေလိမ့်မည်။ သို့သော် သူတို့လို
ကျောင်းသားများအနေနှင့် အိမ်ငှားနေဖို့က
ထင်သလောက် မလွယ်။

ချိန်ချန်းချင်က ပွင့်ပွင့်လင်းလင်းပြောသည်။

"အိမ်ငှားခကို ငါ ပေးမယ်၊ မင်းက
အိမ်သန့်ရှင်းရေးကို တာဝန်ယူမယ်ဆို
ဘယ်လိုလဲ"

ကျူးမောက် : "မကောင်းလောက်ဘူးနော်၊
အိမ်လခကို တစ်ယောက်တစ်ဝက် ပေးရအောင်"

ချိန်ချန်းချင် : "ငါ အတည်ပြောနေတာ၊
ငါ ဘယ်လောက်အပျင်းကြီးလဲ မင်းသိတာပဲ
မဟုတ်လား၊ ပြီးတော့ ဒီငွေပမာဏက ငါ့အတွက်
တကယ် မပြောပလောက်ဘူး၊ မင်း အားမနာနဲ့"

ကျူးမောက်က ချီတုံချတုံဖြစ်နေပြီးမှ ပြောလိုက်သည်။

"ဒါဆို ငါ မင်းအဝတ်တွေကို ကူလျှော်ပေးမယ်"

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now