//33//

2.9K 535 6
                                    

Unicode

[ Husband, Come out quickly ]

ချန်ချန်းချင် ဆေးရုံမှဆင်းပြီးနောက်
ခန္ဓာကိုယ်က အတော်လေး ပေါ့ပေါ့ပါးပါးဖြစ်နေသည်။ လုကျန်းဖေက သူ့ကို မသက်မသာ
ဖြစ်နေတာရှိလားဟု မေးသော်လည်း သူ
အဆင်ပြေကြောင်း ပြန်ဖြေလိုက်၏။

သို့သော် ရွှီရှောက်ရန်သုံးသပ်သော အမြင်အရ
လုကျန်းဖေက စမ်းသပ်ကြည့်ဖို့ အချိန်ကောင်းကို
စောင့်နေဆဲ။ အကျိုးဆက်အနေနှင့် ထိုဆေးထဲမှာ
တားမြစ်ကုန်ကြမ်းတစ်ခုမှမပါဝင်ကြောင်း
သိလိုက်ရသည်။ ရွှီရှောက်ရန်ပြောသည့်အတိုင်း
ထိုဆေးထဲ၌ တရုတ်တိုင်းရင်းဆေးအများစုသာ
ပါဝင်နေတာမို့ ယခုလို အကျိုးသက်ရောက်မှု
ကြီးမားခြင်းဟု ယူဆရမည်။

သို့သော် တကယ့်ပြဿနာအစစ်က လုကျန်းဖေအရှေ့မှာ ရှိနေပြီ။ လုကျန်းဖေ ဝန်မခံချင်
လျှင်တောင် အချက်တစ်ချက်ကို နားလည်ထားမှ
ဖြစ်မည်__ချန်ချန်းချင်မှာ ပြင်းထန်သော
စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီး ကိုယ်တူစိတ်ခွဲ
ဖြစ်စဉ် လက္ခဏာများလည်း တစ်စတစ်စ
တိုးပွားလာသည်။

သည်လိုနှင့် လုကျန်းဖေတစ်ယောက် အဖြေရှာဖို့
ကြိုးစားနေရင်း အမျိုးသားနေ့အားလပ်ရက်
ကုန်ဆုံးသွားကာ ချန်ချန်းချင်တို့၏ တရားဝင်
ကျောင်းဖွင့်ရက် ကျရောက်လာခဲ့ချေသည်။

အမျိုးသားနေ့ပြီးလျှင် ဤစာသင်နှစ်က
သုံးပုံ-တစ်ပုံ ကုန်လွန်သွားပေပြီ။ ကျောင်းဖွင့်
ရက်တွင် လုကျန်းဖေက ကိုယ်တိုင်လိုက်မပို့ဘဲ
သူ့လူများကိုသာ လွှတ်လိုက်လေ၏။

ချန်ချန်းချင်၏ခြေထောက်က အပြည့်အဝ
မကောင်းသေးသဖြင့် တခြားလူများက
သူ့ကိုယ်စား အထုပ်အပိုးကူသယ်ပေးရပြီး
လုကျန်းဖေလွှတ်လိုက်သောလူများက သူ့ကို
အဆောင်တံခါးဝထိ လိုက်ပို့ပြီးမှ ပြန်သွားကြ
သည်။

ချန်ချန်းချင် တံခါးသော့ဖွင့်ပြီးနောက်
တိုက်တိုက်ဆိုင်ဆိုင် ကျူးမောက်ကို
တွေ့လိုက်ရ၏။

ချန်ချန်းချင် နှုတ်ဆက်လိုက်သည်။

"အစောကြီးရှိသေးတယ်၊ မင်း ဘယ်အချိန်
ကတည်းက ရောက်နေတာလဲ"

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now