//39//

2.6K 576 47
                                    

Unicode

[ အက်ကွဲရာကြားက မင်းမျက်နှာ ]

ယွမ်ဝမ်ဟုန်စိတ်ထဲ တစ်မျိုးကြီးခံစားနေရသည်။ ချန်ချန်းချင်က ထိုသို့ဆိုပြီးနောက် ရေကူးနေသောလုကျန်းဖေကို သွားရှာတော့မည့်ဟန် လှည့်ထွက်သွားလေပြီ။

ယွမ်ဝမ်ဟုန် နှစ်စက္ကန့်လောက် ကြောင်အနေပြီးမှ အပြေးလိုက်သွားရသည်။

ချန်ချန်းချင်၏အနောက်ဘက်ကနေ သူ
အော်ရင်း

"ချန်ချန်းချင်၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့!"

ချန်ချန်းချင်က တစ်လုံးမှပြန်မပြော။
နောက်ကနေ တောက်လျှောက်လိုက်လာသော ယွမ်ဝမ်ဟုန်ကို အပြည့်အဝလျစ်လျူရှုထားလေ၏။

လုကျန်းဖေက ကျင်းဝမ်ယွီနှင့် စီးပွားရေးကိစ္စဆွေးနွေးနေတုန်းမှာ ချန်ချန်းချင်ကို မြင်လိုက်ရသည်။ ကျင်းဝမ်ယွီက သူ့ကို စိတ်မဝင်စားကြောင်း၊ အချင်းချင်း ဘာစိတ်မှမရှိကြောင်း လုကျန်းဖေက ရှင်းရှင်းလင်းလင်းသိထားပြီးသား။ အလွန်ဆုံး စီးပွားဖက်ပါတနာတွေ
လောက်သာ။

သို့သော် ရင်ထဲမှာ မရိုးမသားစိတ်မရှိသည့်တိုင် ချန်ချန်းချင်ကို မြင်ရာတွင် လုကျန်းဖေ တုန်လှုပ်သွားလေသည်။ သူ ရေကူးကန်ထဲမှ တွားတက်လာရင်း

"ချန်းချင်၊ မင်း ဘယ်လိုလုပ်ရောက်လာတာလဲ"

ချန်ချန်းချင်က ပြန်မဖြေ။ ဆိုသော်လည်း
အနောက်မှလိုက်လာသော ယွမ်ဝမ်ဟုန်ကို
မြင်ချိန်မှာ လုကျန်းဖေက ထိုမေးခွန်း၏အဖြေကို အလိုလိုသိသွားပေပြီ။

လုကျန်းဖေ : "ယွမ်ဝမ်ဟုန်...ဒါက မင်းလက်ချက်ပဲလား၊ သူ့ကို မနှောင့်ယှက်ဖို့ ငါပြောထားတယ်လေ!"

အမှန်အတိုင်းဝန်ခံရလျှင် ယွမ်ဝမ်ဟုန်ကို
မြင်သည့်အခါ လုကျန်းဖေ တကယ်ဒေါသထွက်သွားသည်မို့ စိတ်လိုက်မာန်ပါ ပေါက်ကွဲမိလေ၏။

ယွမ်ဝမ်ဟုန်က မချေပဘဲ မျက်မှောင်ကြုတ်၍ ချန်ချန်းချင်ကိုသာ ကြည့်လိုက်သည်။ ချန်ချန်းချင်ကတော့ အခုလေးတင် အသိလွတ်သွားသည်မှာ သူ,မဟုတ်သကဲ့သို့ မှင်သေသေ
မျက်နှာထားဖြစ်နေလျက်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now