//55//

2.4K 528 58
                                    

Unicode

[ ကံကြမ္မာလှည့်ကွက် ]

မိခင်တစ်ဦးအနေနှင့် လျိုဟွားမေ့က
သားဖြစ်သူကို ချုပ်ချယ်ဖို့မရည်ရွယ်။ သူမက ချန်ချန်းချင်ကို သိပ်ချစ်သဖြင့် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးမည်သာ။

ချန်ချန်းချင်တို့သားအမိဆက်ဆံရေးက အတော်ကောင်းမွန်ခဲ့သည်။ ထို့ကြောင့်လည်း..ချန်ချင်းယန်နှင့်လျိုဟွားမေ့
ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားချိန်မှာ
မူလချန်ချန်းချင်က လုကျန်းဖေကို မုန်းတီးခဲ့ခြင်းပင်။

ထိုလင်မယားသေဆုံးမှုက မတော်တဆသက်သက်ဖြစ်သော်ငြား ချန်ချန်းချင်ကမူ
လုကျန်းဖေကြောင့်ဟု မှတ်ယူခဲ့လေ၏။
လုကျန်းဖေသာ ချန်ချန်းချင်ကို အကျဉ်း
မချခဲ့လျှင် လျိုဟွားမေ့နှင့်ချန်ချင်းယန်က C မြို့ကနေ A မြို့ကို အလောတကြီးလာစရာအကြောင်းမရှိ။ လေဆိပ်ကနေ အပြန် highway လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့မှာလည်း မဟုတ်ပေ။

ချန်ချန်းချင် မပြန်ခင် လျိုဟွားမေ့က
ပစ္စည်းပစ္စယတော်တော်များများကို အထူးတလည်ပြင်ဆင်ထုပ်ပိုးပေးလေ၏။

မိဘတိုင်းက သားသမီးအတွက်
အကောင်းဆုံးကိုပဲ ပေးချင်တာ သဘာဝ။ ချန်ချန်းချင် မငြင်းဆန်ဘဲ ထိုပစ္စည်း
များကို ယူဆောင်သွားဖြစ်ခဲ့သည်။

C မြို့တွင် နှင်းထပ်မကျတော့သဖြင့် ရာသီဥတုက နေသာလင်းရှင်းနေကာ ခရီးသွားလာဖို့ အနေတော်ပင်ဖြစ်သည်။
ချန်ချင်းယန်က ချန်ချန်းချင်ကို လေဆိပ်သို့ ကားမောင်းလိုက်ပို့ရာ လမ်းတစ်လျှောက်
လျိုဟွားမေ့က တဖွဖွမှာတမ်းခြွေလျက်ရှိ၏။

လျိုဟွားမေ့၏ကြင်နာမှုကို ခံစားမိတာမို့ ချန်ချန်းချင် အကုန်နားထောင်ဖြစ်သည်။

လျိုဟွားမေ့ : "ချန်းချင်၊ သား ဟိုကိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော်၊ ပိုက်ဆံ
မလောက်ရင်လည်း အမေနဲ့အဖေ့ဆီ
ဖုန်းဆက်ဦး၊ ဒုက္ခမခံနဲ့"

ချန်ချန်းချင် ခေါင်းညိတ်ပြပြီးနောက်
လုကျန်းဖေဆက်လာသောဖုန်းကို
ချပစ်လိုက်၏။ ယခု သူ့မှာ ချို့တဲ့နေတာဆိုလို့ ငွေရေးကြေးရေးသာ။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now