part - 2

9.7K 570 5
                                    

( Unicode )

စံအိမ်ကြီး တစ်အိမ်၏ အခန်းတစ်ခန်းတွင် ဖြစ်သည်။
ဆိုဖာပေါ် လူကြီးတစ်ယောက် ခြေချိတ်ထိုင်နေကာ သူ၏ မျက်နှာချင်းဆိုင်တွင်မူ လူငယ်တစ်ယောက် ထိုင်နေလေသည်။
သူတို့နှစ်ယောက်ကြား အခြေနေသည် တစ်ယောက်နှင့် တစ်ယောက် အလျော့မပေးဟန် တင်းမာနေသည်။

"FOX ကျွန်တော် ပြောပြီးပြီလေ ကျွန်တော် အနားယူဖို့ မလိုဘူး လုံးဝ အကောင်းကြီး ဖြစ်နေပြီ"

"မင်း ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့ Wolf
မနက်ကဘဲ ဖြိုးမင်းဦး ငါ့ဆီ လာပြီး မင်းကို Mission မထွက်ခိုင်းဖို့ လာတင်ပြတယ်
မင်းကျန်းမာရေး အခြေနေက ပုံမှန်ပြန်မဖြစ်သေးဘူး "

"ဟ ကျွန်တော်က ဒီလောက် အလတ်ကြီး ရှိနေသေးတာကို... အဲ့အရူးဒေါက်တာက လျှောက်ပြောနေတာ"

သူ၏စကားကြောင့် FOX ဆိုသူသည် ခေါင်းတစ်ခါခါနှင့် ခပ်တိုးတိုး ရယ်လာသည်။

"ဟင်း...Wolfရာ မင်းက အလတ်ကြီး ရှိနေသေးရင် ဘာလို့ စိတ်ကျန်းမာရေး အတွက် ဆေးတွေ သောက်နေရသေးလဲ "
FOX၏ အမေးစကားကြောင့် Wolf ပြန်တုံ့ပြန်စရာ စကားမဲ့သွားသည်။

"မင်းက သေဆုံးခြင်း လမ်းကို လျှောက်ဖူးပြီးတဲ့ လူတစ်ယောက်ဘဲ Wolf
ဒါပေမဲ့ မင်းရဲ့ အဖွဲ့သားတွေကတော့ မင်းလို မဟုတ်ဘူး
မင်းရဲ့ ဒီလိုအခြေနေနဲ့ ငါက မင်းလက်ထဲ တပ်သားတွေရဲ့ အသက်ကို ရဲရဲ ကြီး ထည့်ပေးနိူင်မယ်လို့ မင်းထင်နေတာလား"

FOX ဆိုသူ၏ အမေးအား Wolfပြန်မဖြေနိူင်။
သူအမှန်တကယ်ပင် စဥ်းစားဆင်ခြင်မှု ကင်းမဲ့သွားသည်။FOX သည် စိတ်ရောဂါ ကုထုံးနှင့် ကုသမှု ခံယူနေရသော Wolfအား မယုံကြည်၍ မဟုတ်။
Wolfအား အနားယူစေချင်သော စိတ်လည်း ပါနေ၍ တားမြစ်ခြင်း ဖြစ်လေသည်။

FOX အမိန့်အား မလွန်ဆန်နိူင်သော Wolfသည် နောက်ဆုံးတွင် နှစ်လ တာဝန်ရပ်ဆိုင်း ခံရခြင်း နှင့် အတူ စံအိမ်ကြီးထဲမှ စိတ်ဓာတ်ကျစွာပင် ထွက်သွားရတော့သည်။

<<<<<<>>>>>>
နိူင်ငံတကာဆက်ဆံရေး ဟူသော ဌာန ၏ ရှေ့တွင် ပထမနှစ်ကျောင်းသားများသည် စာအုပ်ဝယ်ရန် ဌာနရှေ့တွင် စုနေကြလေသည်။
Lady first အနေဖြင့် မိန်းကလေးများအား အရင်ဝင်စေကာ ယောကျာ်းလေးများကမူ အခန်း အပြင်တွင်သာရပ်စောင့်နေကြသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now