Part - 15

4.6K 333 6
                                    

( Unicode )

မင်းအိပ်မက်သစ်၏ ကားမှန် ရိုက်ခွဲ သည့် video သည်တော့ ဟိုလူ share ဒီလူ share နှင့် Nf တစ်ခွင် ပြဲပြဲစင်သွား လေတော့သည်။ကိစ္စအား အစ အဆုံး မသိသူများသည်တော့ Dreamသည် မိုက်ရူးရဲ ဆန်လွန်းသည်ဟု ဆိုကာ သူတို့နှင့် မဆိုင် ဝိုင်းဆဲကြသော်လည်း ကိစ္စအား အစဆုံး သိနေကြသူများကတော့ Dream၏ လုပ်ရပ်ဟာ ကားပိုင်ရှင်အား
မှတ်လောက်သားလောက် ဖြစ်စေနိူင်သောကြောင့် Dreamအား လေးစားကြောင်း ပြောကြပြန်သည်။ ကာယကံရှင် Dream တစ်ယောက်သည်တော့ welcom ပွဲ အတွက် ကျောင်းသို့ စောရောက်နေကာ ပြိုင်ပွဲအတွက် ပြင်ဆင်နေသော သူရိန်အား စင်အောက်တွင် စောင့်နေရင်း ပီကေ ဝါးပင် မပျက်ခဲ့ပေ။

ချားလစ် welcom ပွဲ အတွက် အလှုပ်ရှုပ်နေသောကြောင့် မနေ့က ဖြစ်သွားသော ကိစ္စအား သူ မသိ။ဖုန်းလည်း ပုံမှန် သုံးဖြစ်သူ မဟုတ်သောကြောင့် online လည်း မတက်ဖြစ်။မနက် နိူးမှ မင်းခန့် သူ့အား video လာပြသောကြောင့် မင်းအိပ်မက်သစ် ၏ လုပ်ရပ်အား သိလိုက်ရသည်။
ချားလစ်မှာ သိသိချင်း စိတ်ပူကာ ဖုန်းဆက်လိုက်သော်လည်း ထိုအဆိုးလေးမှာ ဖုန်းမကိုင်။
မိန်းကလေး တစ်ယောက်အတွက် ခုလို ရန်ဖြစ်ခြင်း ကိုလည်း သိပ်ဘဝင်မကျသလို
အနည်းငယ်လည်း သဝန်တို မိသည်။
သို့သော်လည်း ချားလစ်မှာ Dreamနှင့် ခေါင်းစဥ်တပ်ပြစရာ ပတ်သက်မှု မရှိသေး၍ အဆိုးလေးDream၏ ကိစ္စများအား ဝင်ပါ လို့လည်း မရပြန်ပေ။

ချားလစ်စိတ်ပူသော်လည်း welcom ပွဲက ရှိသေး၍ အဝတ်စားလဲ ပြင်ဆင်ကာ main ဆောင်သို့ သွားရပြန်သည်။ပွဲ ကျင်းပ သည့် နေရာ ရောက်သည်နှင့် Dreamအား ချားလစ်တန်းမြင်လိုက်ရသည်။ချားလစ်သည်သာ စိတ်ပူနေသော်လည်း Dreamသည်တော့ ဒူးပေါ် ခြေချိတ် ထိုင်ရင်း ပီကေဝါးပင် မပျက် ပေ။

ယခင်ကလည်း ရန်ဖြစ်ကာ လုပ်ချင်ရာ လုပ်တတ်သော်လည်း တက္ကသိုလ် ရောက်ပြီး နောက်ပိုင်း ငြိမ်လာသောကြောင့် လိမ္မာလာပြီ ထင်ခဲ့မိသည်။သို့သော် ယခုမှ ချားလစ် သဘောပေါက်လိုက်ရသည်က မင်းအိပ်မက်သစ် ငြိမ်နေတယ် ဆိုတာ ရန်ဖြစ်ဖို့ အကြောင်းပြချက် မရှိသေးတာကြောင့် ပင်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now