Part - 28

3.9K 339 8
                                    

( UNI )

Bar တစ်ခု တစ်နည်းအားဖြင့် Dream တို့ ထိုင်နေကြ Bar ဆိုင် တစ်ဆိုင်
Dream မသောက်ဖြစ်သည်မှာ ကြာပြီဖြစ်ကာ လမင်း အခေါ်တော်ရှိ၍ ခရီးမထွက်မှီညတွင် သူတို့ သုံးယောက် Bar သို့ရောက်ချလာခြင်းဖြစ်သည်။
စင်ပေါ်မှ Live music အား နားထောင်ရင်း Dream ဖုန်းမှ တောင်ခနဲ message သံ ထွက်လာသည်။
Message သံမှာ သူ သီးသန့် ထားသည့် နံပါတ်ထဲမှ ဖြစ်၍ Dream ဖွင့်ကြည့်လိုက်သည်။
ပို့လာသူမှာ Pole ဖြစ်ကြောင်း သူသိနေကာ စာမှာ အတည်ပြုဟန် မေးခွန်း တစ်ခုပင်။

Pole - မင်း Bar ရောက်နေတာလာ

ထိုစာကြောင့် Dream ပတ်ဝန်းကျင် အား အမြန် လှည့်ပတ်ကြည့်လိုက်မိသည်။သို့သော် Poleနှင့် တူတာ မတွေ့။ထို့ကြောင့် Dream ပြန်မေးလိုက်သည်။

Dream - မင်း ဘယ်လိုသိလဲ

Pole - မင်း smoking area ကို ထွက်ခဲ့

Pole ထံမှ ထိုစာ ရသည်နှင့် Dream ဖုန်းပိတ်ကာ ဝိုင်းမှ ထလာသည်။
Dream ဝိုင်းမှ ထလာသောကြောင့် လမင်းက သူ့အား ကြည့်ကာ မေးလာသည်။

"မင်း ဘယ်သွားမလို့လဲ "

"ဆေးလိပ် ထွက်သောက် မလို့ "
Dream အဖြေကြောင့် သူရိန်က ကြားထဲမှ ဝင်သတိပေးလာသည်။

"မင်း အခုမှ ဆေးရုံ ဆင်းခါစနော် သောက်မယ်ဆို ရိုးရိုး စီးကရက် ဘဲသောက် "

"အေးပါကွာ ငါသွားပြီ "
သူတို့အား ကျောခိုင်းထွက်သွားသော Dream ကျောပြင်အား ကြည့်ကာ သူရိန်နှင့် လမင်းမှာ ခေါင်း တစ်ခါခါနှင့်။

Dream Smoking area ရောက်ချိန်တွင် လူရှင်းနေကာ ချထားပေးသော ခုံတွင် လူ တစ်ယောက် ဆေးလိပ်ထိုင်သောက်နေသည်။ ထိုသူကတော့ အခြားသူ မဟုတ် Dream အခေါ် Pole ဆိုသူ ဖြစ်သည်။
Dream မအီမသာ ရုပ်ဖြစ်နေသော Pole နား ဝင်ထိုင်ကာ မေးလာသည်။

"မင်းရုပ်ကြီးက ဘာဖြစ်လာတာလဲ "

"ထုံးစံ အတိုင်း ဒယ်ဒီနဲ့ စကားများလာတာ ဘဲပေါ့ "
Pole က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလာသည်။
Dream သူ့ဘေးမှ pole၏ ရှုးဖိနပ်မှ မြေကြီးပျော့ အချို့ ကပ်နေသည်အား တွေ့၍ မျက်မှောင်ကြုတ်ကာ Poleအား မေးလာသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now