Part - 52

2.8K 208 15
                                    

( Unicode )

ရုတ်တရက် ကြီး သူ့ရှေ့ စားပွဲပေါ်သို့ ပစ်ချလာသည့် ဓာတ်ပုံအချို့ကြောင့် ဦးရာဇာ သူ၏ သားအား နားမလည်စွာ  မော့ကြည့်လိုက်သည်။
ထိုအခါ ပိုင်စိုးမှာ သူ၏ ဖခင်အား ဓာတ်ပုံရှိရာဘက်သို့သာ မှေးထိုးပြလိုက်လေ၏။ထို့ကြောင့် ဦးရာဇာသည်လည်း စားပွဲပေါ်မှ ဓာတ်ပုံတစ်ပုံအားကောက်ယူလိုက်သည်။သူကောက်ယူလိုက်သည့် ဓာတ်ပုံထဲတွင်တော့ အမျိုးသား တစ်ဦးသည် အဖြူရောင်  လည်ဂတုံး နှင့်နက်ပြာရောင်ပုဆိုးအား ဝတ်ဆင်ထားပြီး အဝါရောင် ကျောပိုးအိတ် ကို လွယ်ထားလေသည်။ဦးရာဇာသည် ဓာတ်ပုံထဲမှ လူအား တွေ့ဖူးဟန် ရှိသည်ဟု ခံစားလိုက်ရသောကြောင့် သူ၏ သားအား လှည့်ကြည့်လာသည်။
ထို့အကြည့်အား သဘောပေါက်သော ပိုင်စိုးသည်ဘောပင်အား လှည့်နေရင်း ဖြေလာသည်။

"Dreamရဲ့ ကောင်လေး"

"Dream...မင်းပြောတာ မင်းအိပ်မက်သစ် လား"

"သူမဟုတ်လို့ ဘယ်သူရှိသေးလဲ "
ပိုင်စိုး၏ အဖြေအား ဦးရာဇာ စိတ်မဝင်စားဘဲ သာမန်ဟုသာ သဘောထားကာ ပြောလိုက်သည်။

"မင်းက ငါ့ကို သူ့ကောင်လေးပုံ လာပေးပြီး ငါက ဘာလုပ်ရမှာလဲ ။အရေးမပါလိုက်တာ။ "

"ကျွန်တော့်ကတော့ ဘာမှ လုပ်စရာ မရှိဘူးပေါ့။ ဒါပေမယ့် ဒယ်ဒီကတော့ လုပ်စရာ ရှိချင်ရှိနေလောက်လိမ့်မယ်။"

ပိုင်စိုး ၏ မျက်နှာထက်မှ ဖြစ်တည်လာသော နားလည်ရ ခက်သည့်အပြုံးကြောင့် ဦးရာဇာ အနည်းငယ် စိတ်ဝင်စား သွားသည်။

"ဆက်ပြော "

ဦးရာဇာမှာ စိတ်ဝင်တစား ရှိလာ၍ ပိုင်းစိုးပြုံးလိုက်ကာ ကောင်လေးနှစ်ယောက် ပါသော ဓာတ်ပုံအား လှမ်းယူလိုက်သည်။

"သူ့နာမည်က ချားလစ်ဝိန်း။  သူက ကျွန်တော်တက်နေတဲ့ ကျောင်းကဘဲ။ Dreamနဲ့ မေဂျာတူ စီနီယာတစ်ဦး၊ ပြီးတော့  Dreamရဲ့ ကောင်လေး။
တစ်နည်းအားဖြင့်  သူက ကျွန်တော်တို့ထိလို့ ရနိူင်တဲ့  Dreamရဲ့ တစ်ခုတည်းသော အားနည်းချက် ဆိုလည်း မမှားဘူး။"

ပိုင်စိုးပြောလာသည့် စကားအား  ဦးရာဇာ စိတ်ဝင်စားမှု ရှိလာကာ မျက်ဝန်းများအနည်းငယ် တောက်ပသွားလေသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now