Part - 42

3.9K 284 30
                                    

( Unicode )

မင်္ဂလာပွဲ ရှိ၍ ချားလစ်နှင့် Dreamနှစ်ယောက်လုံးမှာ ဝီရိယ ရှိစွာပင် မနက်စောစော ထလိုက်ကြသည်။
Dream မှာ စမ်းချောင်းဘက် မျက်နှာသွားသစ်နေစဥ် ချားလစ်သည်တော့ အိပ်ယာသိမ်းလိုက်သည်။
ထို့နောက် ကျောပိုးအိတ် ထဲမှ အသင့်ထည့်လာသော အနီရောင် လည်ဂတုံးအကျီနှစ်ထည်နှင့် အနီရောင်ကရင်ပုဆိုး နှစ်ထည်အားထုတ်လိုက်သည်။

Dream ဆေးကြောပြီး၍ တဲအိမ်သို့ ပြန်လာချိန်တွင် ချားလစ်မှာ အဝတ်စားပင် လဲပြီး ဖြစ်သည်။

တဲအိမ်လေးထဲ ဝင်လာသော Dreamအား ချားလစ် ပြုံးပြလိုက်သည်။

"ပြန်လာပြီလား "
သူ့အမေးအား Dreamခေါင်းအသာ ငြိတ်ပြကာ မျက်လုံးများသည်တော့ ချားလစ်ထံတွင်သာ ရောက်နေလေသည်။

'အနီရောင်နဲ့လည်း အဲ့ဒီလူသားက ချောမောနေဆဲပင်
ဘယ်လို လုပ်ပါ့လဲ...ဒီလူကြီးကို အရမ်းသဘောကျနေမိတာကိုလေ
ကိုယ့်ကောင်လေးကိုလည်း ကိုယ်ပြန်ကြွေလို့တယ်လား
ချားလစ်ဝိန်း ကြီးကို သူ့အထပ်ထပ် အခါခါ ကြွေမိနေလို့ တစ်ယောက်ယောက်လောက် လာကယ်ပေးကြပါဦး..'

Dream သူ့အား ငေးကြည့် နေမှန်း သတိထားမိသွားသော ချားလစ်သည် Dreamအား ကြည့်ကာ ခပ်တိုးတိုး ရယ်လာသည်။
သူ့ရယ်သံလေးကြောင့် Dream သည်သတိဝင်လာကာ အရှက်ပြေ ဟိုကြည့်ဒီကြည့် လုပ်နေလိုက်သည်။
သို့သော် ထိုသို့ လုပ်လိုက်သည်ကပင် သူ့အား မအူမလည်လေးနှင့် ပိုချစ်ဖို့ ကောင်းသွားစေသည်။

"ကိုယ့်ရဲ့ ချောမောမှုကြောင့် Booကတောင် ကိုယ့်ကို တစ်မေ့တမော ငေးကြည့်နေရတာပါလား"

ချားလစ်၏ ပြုံးစစ စကားကြောင့် Dream တစ်ယောက် ရှက်ရမ်းရမ်းနှင့် အမြန်ငြင်းလာသည်။

"လျှောက်ပြောနေ...ခင်များကြီးကို ငေးစရာလား..
ဒီရုပ်ကြီးကိုဘဲ သူ့ကိုယ်သူ ခန့်တယ် ပြောနေသေးတယ် "

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now