Part - 54

2.9K 213 9
                                    

( Unicode )

Gods အပိုင် Bar တစ်ခုတွင် လူနှစ်ယောက်သည် ဘေးချင်းယှဥ် ထိုင်ကာ အရက်သောက်နေကြသည်။ထိုလူ နှစ်ဦးမှာ အခြားသူများတော့ မဟုတ်ပေ။Wolfနှင့် Khamသာ ဖြစ်လေ၏။

"Wolf မင်း ကျောင်းပြီးတော့မယ် မလား"
Khamအမေးကြောင့် Wolfသည် အရက်သောက်နေရင်း Khamအား မျက်လုံးစွေကြည့်လာသည်။

"မင်း ဘယ်နေရာကို သွားချင်လဲ"

Khamအမေးအား Wolfသဘောပေါက်၍ ပုခုံးတွန့်ပြလာသည်။

"ခုမှ Examပြီးသွားတာ ဘွဲ့ယူဖို့ အတော် လိုပါသေးတယ်ကွာ။ မင်းက ဘာတွေ လောနေတာလဲ "

"ငါမလောဘူး Wolf ...မင်းက ဘွဲ့ယူပြီးတာနဲ့ တာဝန်အတွက် ထွက်သွားရတော့မှာ လေ"
Kham၏ စကားသည် Wolf၏ နှလုံးသား ထဲသို့တည့်တည့်ဝင်ရောက်လေသည်။

'ငါထွက်သွားတော့မှာ ဒီတစ်ခေါက်က အတည်ကိုကြာကြီးငါထွက်သွားတော့မှာ ငါချစ်တဲ့သူတွေရဲ့ အဝေးမှာ ဘယ်နှစ်နှစ် ကြာအောင် ငါနေရမလဲ '

"မင်း ကောင်လေးကို ပြောပြထားပြီးပြီလား "
Kham၏ အမေးအား Wolfခေါင်းခါပြလိုက်သည်။

"ငါ့အထင်တော့ မင်းသူ့ကို ပြောပြထားသင့်ပြီ။ မင်းကောင်လေးက သာမန် အဖွဲ့အစည်းကမဟုတ်တော့ မင်းအကြောင်းသိချင်ရင် ပါးစပ်လှုပ်လိုက်ရုံဘဲ။ သူသာ မင်းမပြောခင် ကြိုသိသွားရင် မင်းတို့ကြား ကတောက်ကဆ ဖြစ်နိူင်တယ်"

"မင်းပြောတာကို ငါနားလည်တယ် Kham။ ဒါပေမဲ့ သူ့ကို ငါဘယ်လို ပြောပြရမယ်မှန်း ငါနည်းလမ်းရှာမတွေ့ဘူး ။
တကယ်လို့ ငါပြောပြလိုက်ရင်လည်း သူလက်ခံနိူင်ပါ့မလား ။
ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ ငါတို့ ဆက်ဆံရေးက ငါ့ကြောင့် ပျက်ဆီးသွားမှာကို ငါကြောက်တယ် Kham"

မီးနှင့် တွေ့လျှင် သံမဏိသည်လည်း အရည်ပျော်သွားသကဲ့သို့ အချစ်နဲ့ တွေ့လျှင်တော့ သွေးအေးလူသတ်သမားသည်လည်း စိတ်ဓာတ်ကျ ပူပန်ရသည့်အချိန်ရှိနေလေသည်။
Khamသည် ကူကယ်ရာ မဲ့နေသော Wolfအားကြည့်ကာ နှစ်သိပ့်ပေးလာသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now