Part - 17

4.1K 336 12
                                    

( Unicode)

မနက်ပိုင်း အတန်း ရှိသော်လည်း ပျင်းနေသူ Dream သည် သူရိန်အား သစ္စာဖောက်ကာ ကျောင်းပြေးတော့သည်။
ကျောင်းပြေးသော်လည်း ဘယ်မှ မသွားဖြစ်ဘဲ အချို့ ကိစ္စ များအား အတည်ပြုရန်  သူ၏ စာဖတ်ခန်းတွင်သာ အောင်းနေမိသည်။

အခန်း ပြတင်းပေါက် တွင် ရပ်ကာ ဖွင့်ထားသော မီးမီးခဲ ၏ အချစ်ကို သိချိန် သီချင်းအား ခပ်တိုးတိုး ညဥ်းရင်း  သဘာဝပတ်ဝန်းကျင်အား ငေးနေမိခြင်းသည် အချစ်အား စတင်တွေ့ရှိ ခဲ့ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိူင်သည်။

လေ့အဝေ့ မှာ ယိမ်းနွဲ့နေသော သစ်ရွက်လေး များအား ကြည့်ကာ ကြည်နူးမိသလို ကျလိကျလိ နှင့် အော်နေတတ်သော အခန်းဘေး ရှိ အုန်းပင်မြင့်မြင့် ပေါ်မှ ငှက်ကလေးများ၏ အော်သံ သည်လည်း ယနေ့မှ သူ့အဖို့ ပို နားဝင်ချိုနေသလိုပင်။
အခန်းထဲ ပြေးဝင်လာသော နေရောင် တို့ကြောင့် နှလုံးသားသည် နွေးထွေးလာရသလို သူ၏ အဖိုးတန် လူသားအား တွေးမိပြန်သော် နှုတ်ခမ်းစွန်းတို့သည် စေညွန်ခြင်း ပင် မရှိဘဲ အပေါ်သို့ ကော့တက်လာခဲ့သည်။

ချစ်ခြင်းမေတ္တာ ဆိုသည်ကား ပြတိုက်ထဲ ဘောင်ခတ်ပြသထားလို့ရတဲ့ အရာလည်း မဟုတ်။
လွတ်လွတ်လပ်လပ် ပြေးလွှား သွားချင်တဲ့ စိတ္တဇ နာမ်လေး တစ်ခုပင်။
17နှစ် အရွယ်မှာ စချစ်သော အချစ်သည် သစ်ရွက်လှုပ်တောင် ရင်ခုန်သည့် အရွယ်လို့ ပြောချင် ပြောကြမလား သူမသိ။
သို့သော် သူဟာ ထိုပါးချိုင့်လေးနှင့် လူသားအား တကယ် ချစ်မိနေသည်ကတော့ ရှောင်လွှဲ လို့ မရသည့် အမှန်တရား ဖြစ်သလို မရှောင် လွှဲ ချင်သည့် အမှန်တရားပင်။

တစ်စုံ တစ်ယောက်ကို ချစ်မိတာဟာ အပြစ်ကျူးလွန်တာလည်း  မဟုတ် သူဟာ အဘယ့်ကြောင့် ရှောင်လွှဲ နေရမည်လဲ။
ယောကျာ်းလေး တစ်ယောက် ဖြစ်နေ၍လား။
ယောကျာ်း တစ်ယောက်က နောက်ထပ် ယောကျာ်း တစ်ယောက်အား ချစ်ခွင့်မရှိ ဆိုသည့် ဥပဒေ ပုဒ်မ တွေလည်း သူမကြားဖူးခဲ့။

ချစ်ခြင်း မေတ္တာမှာ gender လိုအပ်လို့လား။
သူ့အဖေ အတွက် လိုအပ်ချင် လိုအပ်လိမ့်မည် ဆိုသော်လည်း သူ့အတွက်တော့ သူ ချစ်နေ သ၍ အရာရာ အဆင်ပြေ သည်။
သို့သော်လည်း မီးမီးခဲ ဆိုသကဲ့သို့ ရက်စက်ပြီးတော့ သွား မှာကိုတော့ ကြောက်မိပါရဲ့လေ။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now