Part - 62

3.2K 231 50
                                    

( Unicode )

မနက် လေးနာရီ ချိန်တွင် Pickup Truck ကား လေးစီးသည် တောအုပ်အား ဖြတ်ဖောက်ထားသော လမ်းမကြီးထက် ပြေးလွှားနေလေသည်။ကားနောက်တွင်တော့ သေနတ်ကိုင်ဆောင်ထားသော လူများပါလာကာ နောက်ဆုံးသော ကားတွင်တော့ လူလေးယောက်သာ ပါလေသည်။
ကားရှေ့တွင်တော့ အနက်ရောင် အလံအားလွှင့်ထူထားကာ ထိုအနက်ရောင်အလံထဲတွင်တော့ အဖြူရောင်စာလုံးဖြင့် 'အလ္လာဟ် အရှင်မြတ်မှ တစ်ပါး ဘုရားမရှိ။မိုဟာမက်သည် အလ္လာဟ်အရှင်မြတ်၏ စေတမန်ဖြစ်သည်။'ဟူသော စာအား အာရပ်ဘာသာစကားဖြင့် ရေးသားထားလေသည်။

သူတို့သည် စစ်စခန်းအခွဲ တစ်ခုမှ အခြားစစ်စခန်း တစ်ခုသို့ သွားနေခြင်း ဖြစ်ကာ လဟာပြင်ဖြစ်နေသော ကားနောက်ခန်းတွင်တော့ ဒဏ်ရာရ လူတစ်ဦးပါလာလေသည်။ထိုသူသည် တစ်ကိုယ်လုံး သွေးများပေကျံနေကာ ကားထဲတွင် သွေးနံ့များ လှိူင်လှိုင် ထွက်နေလေ၏။
ထိုလူသည် သေမှန်းမသိ၊ရှင်မှန်းမသိသည့် အနေထားတွင်ရှိနေလေကာ ကားထဲ ဖြစ်သလိုပစ်ထားခံနေရလေသည်။
ထို လူ၏ ညာလက်ကောက်ဝတ်တွင်တော့ အဖြူရောင်ချည်ကြိုးစ တစ်ခုရှိနေလေကာ တစ်ကွင်းလုံးသွေးများပေကျံနေပြီး အချို့သောတစ်စ၌ သစ်လွင်နေ၍သာ အဖြူရောင်အဖြစ်သတ်မှတ်နိူင်ခြင်းဖြစ်လေသည်။

ထိုစဥ် ကားထဲမှ လူတစ်ဦးသည် ထိုလူအားကြည့်ကာ ရေရွတ်လာသည်။

" သေသွားပြီ ထင်တယ်"

"စမ်းကြည့်လိုက်"
သူ့ဘေးမှ နောက်ထပ်သော လူက အကြံပေးလာသောကြောင့် ထိုလူသည် ထိုဒဏ်ရာရ လူအား စမ်းသပ်လိုက်သည်။

ထို့နောက်ခဏအကြာတွင် စမ်းသပ်သော လူသည် အမူအရာ မဲ့စွာဖြင့် သူ၏အဖော်အား ပြောလာသည်။

"အသက်မရှိတော့ဘူး"

သူ၏စကားအား သူ၏အဖော်သည် ပုံမှန်ကိစ္စအားကြားရသကဲ့သို့ပင်တုံ့ပြန်လိုက်သည်။

"မူလကတော့ အသက်ရှင် သေးရင် သူ့ဆီကသတင်းနှိုက်ဖို့ စီစဥ်ခဲ့တာ အခုအလောင်းဖြစ်သွားပြီဆိုတော့ စစ်စခန်းကိုခေါ်သွားလည်း အလကားဘဲဖြစ်မယ် အလောင်းကို လမ်းပေါ်မှာဘဲ ပစ်ချထားခဲ့လိုက်တော့ "

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now