Part - 16

4.3K 326 26
                                    

( Unicode )

စာသင်ခန်း ထဲတွင် ပုံမှန် အတူ ထိုင်နေကြ ဖြစ်သော မင်းခန့်နှင့် မျိုးကိုသည် ခုတလောတွင်တော့ တစ်ကွဲ တစ်ပြားစီ ဖြစ်နေလေသည်။
ချားလစ်နှင့် ထူးခန့်အား အလည်တွင် ထားရင်း အရင်တည်းက ပူးပူးကပ်ကပ်ဖြစ်နေတတ်သော နှစ်ယောက်က တစ်ကွဲ တစ်ပြား ဖြစ်နေလေသည်။
မင်းခန့်ဘက် လှည့်ကြည့်တော့ တစ်ခါတစ်ခါ မျိုးကိုအား မျက်နှာငယ်နှင့် လှမ်းကြည့် နေတတ်ကာ မျိုးကိုကတော့ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရသည့် ရုပ်နှင့် စာလိုက်မှတ်နေသည်။

အရင်ရက်များ ကန်တင်း ထိုင်သည့် ချိန်တွင်လည်း မျိုးကိုက ကိစ္စရှိ၍ ဆိုကာ ထွက်သွားတတ်သလို မင်းခန့်ကလည်း တစ်ခုခု အကြောင်းပြကာ ထ ထွက်သွားတတ်သည်။
သိသိသာသာ ပင် မျိုးကိုမှာ မင်းခန့်အား ရှောင်နေခြင်း ဖြစ်သည်။

ချားလစ် မှာ welcom ပွဲ လေး တစ်ရက်သာ သူတို့အနား မရှိလိုက်သော်လည်း ထို မရှိလိုက်သည့် အတောတွင်းတွင် ကိစ္စကြီး ဖြစ်သွားဟန် ရှိသည်။
ချားလစ် ကသိကအောက် အခြေနေအား သည်းမခံ နိူင်တော့သည့် အဆုံး ဘာဖြစ်နေမှန်း သိအောင် ဘေးမှ ထူးခန့်ဆီ message လှမ်းပို့လိုက်သည်။ ခပ်တိုးတိုး သွားမေးလို့တော့မရ။ဘေးမှ ထိုင်နေသူ နှစ်ကောင်လုံးက နားပါးကြသည်။

ချားလစ် - မင်းခန့် နဲ့ မျိုးကို ဘာဖြစ်နေကြတာလဲ

သူ့စာအား ထူးခန့် ဖတ်ရင်း သက်ပြင်းချ လိုက်သံကို ကြားလိုက်သည်။

ထူးခန့် - ဟိုနေ့က welcom ပွဲ ပြီးတော့ မင်းန့်က ကောင်မလေး တစ်ယောက်နဲ့ အပြင်ထွက်သွားတာ
အဲ့ကောင်မလေး ကလည်းရင်တည်းက မင်းန့်ကို ကြိုက်တဲ့ ကောင်မလေး
အဲ့ဒါကို မျိုးကို က မြင်သွားပြီး သူကိုခေါ်တဲ့အပြင် ဘာမှလည်း ပြောသွားဘူးလား ဆိုပြီး ကောက်နေတာ နေမှာပေါ့

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now