Part - 35

4K 321 23
                                    

( Unicode )

ချားလစ်တို့ တစ်လ လောက် ကြိုစီစဥ် ခဲ့ရသော ဓာတ်ပုံနှင့် ကဗျာ ပြပွဲ သည်တော့ ယနေ့တွင် ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်သည်။
ပြပွဲ ပြီး၍ ချားလစ်သည် Dreamနှင့် အတူ အဆောင်သို့ ပြန်လာခဲ့သည်။

အဆောင် သို့ ပြန်ရောက်ချိန်တွင် ချားလစ် အခန်းဖော် ထူးခန့်မှာ ပြန်မရောက်သေးပေ။
ထို့ကြောင့် ချားလစ်နှင့် Dreamမှာ အခန်းထဲ လွတ်လွတ်လပ်လပ် ဖြစ်နေသည်။
Dream က ချားလစ်၏ စာကြည့်ခုံတွင် ဝင်ထိုင်ရင်း စားပွဲပေါ် တင်ထားသော မျက်မှန်ဘူးလေးအား လှမ်းယူလိုက်သည်။

"အဲ့တုန်းက ကျိုးသွားတဲ့ မျက်မှန်ကို ကိုချား ပြန်ပြင်ထားတာလား "

Dreamအမေးကြောင့် ချားလစ်မှာ Dreamထိုင်နေသော ခုံနောက်ကျောဘက်တွင် ရပ်ရင်း Dreamပုခုံးပေါ် လက်တင်လိုက်ကာ

"အွန်း... ဟုတ်တယ်..ကိုယ်အဲ့တုန်းက ဒီမျက်မှန်နဲ့ အဆင်ပြေမဲ့ ကိုင်းကို အတော်ရှာယူလိုက်ရတယ်"

"ရှာရခက်မှာပေါ့ ဒီမျက်မှန်က ကျွန်တော် သေချာ Design ဆွဲခဲ့တဲ့ limit edition လေ "

"ဟုတ်လား အဲ့ဒါကြောင့်နေမယ် "
Dreamမှာ မျက်မှန်အား ဖွင့်ကြည့် ရင်း အတွေး တစ်ခု ဝင်လာသောကြောင့် ခပ်တိုးတိုး ရယ်လိုက်သည်။

"မထင်ရဘူး ကိုချားက ကျွန်တော့်ကို အဲ့ချိန်တည်းက ကြိတ်ကြိုက်နေတာဘဲ
ဝါး...ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူချင်သွားပြီ "

Dreamစကားမှာ မှန်နေ၍ ချားလစ်ကတော့ Dreamအား ပြုံးကြည့်ရုံသာ ကြည့်နေတော့သည်။

"ဒါနဲ့ ကျောင်းသင်္ကြန်ကျရင် ကိုချား သီချင်းဆိုဦးမလား "

"မပြောတတ်သေးဘူး ဘာဖြစ်လို့လဲ "

"အဲ့နေ့က ကျွန်တော်တို့ Presentation နဲ့ Project အတွက် စာဖြေဖို့ရှိတယ်။
အဲ့ဒါကြောင့် ကိုချား သီချင်း မဆို ဖြစ်ရင်တော့ မလာဖြစ်လောက်တော့ဘူး "

"အွန်း.."
ထိုစဥ် ချားလစ် ဖုန်းမှာ မြည်လာသည်။

"ဘယ်သူ ဆက်တာလဲ ကိုချား "
ချားလစ်မှာ ဖုန်းမျက်နှာမှ ပေါ်နေသော နာမည်အား Dreamမြင်အောင် လှမ်းပြလိုက်သည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now