Part - 8

5.2K 377 8
                                    

( Unicode )

ညချမ်း အချိန် 9နာရီ နောက်ပိုင်းတွင် ကျောင်းအဆောင်သည် အုံးအုံးကျက်ကျက် ဖြစ်နေရာမှ အနည်းငယ် အသံတိတ်သွားတော့သည်။
အကြောင်းမှာ ကိုယ့်အခန်း ကိုယ်ဝင်ကာ ဖုန်း သို့မဟုတ်laptop တစ်လုံးနှင့် online သုံးသူကသုံး တစ်အချို့က Gameဆော့နေကြပြီ ဖြစ်သောကြောင့် ဖြစ်သည်။နောက်နေ့သည် ပိတ်ရက် ဖြစ်၍ ထုံးစံအတိုင်း စာအုပ်ကိုင်မည့်သူများလည်း မဟုတ်ပေ။

ချားလစ် ကျောင်းစာကြည့်တိုက်မှ ငှားလာသော
ဆရာချစ်ဦးညို၏ ရာဇကုမာရ် စာအုပ်အား ဖတ်နေစဉ် မင်းခန့် သူ့အား ခေါ်လိုက်သည်။

"ချားလစ် "

အခန်းဖော်ဖြစ်သော မင်းခန့် ခေါ်သံကြောင့် ချားလစ် ပြန်ထူးရင်း လှည့်ကြည့်လာသည်။

"အေး "

"မင်း မနက်ဖြန် သင်တန်း ဘဲ တန်းသွားမှာလား "

"အေး "

"ငါ့ကို ဘောကန်ဖိနပ်ရှာဝယ်ပေး နိုင်မလား "

"မင်းက မလိုက်ဘူးလား "

"အင်း ဒီတစ်ပတ် တော့အခန်းထဲဘဲ အောင်းချင်လို့ လုပ်စရာတွေလည်း ရှိနေတယ်"

"ဘာအမျိုးစား လိုချင်တာလဲ "

"အဆင်ပြေမဲ့ ဟာသာ ကြည့်ဝယ်လာခဲ့ မင်းနဲ့ငါခြေဆိုဒ် အတူဘဲကို ဒါမျိုးတွေ မင်းနားလည် ပါတယ်"

"အေး"

ချားလစ် လည်း စာဖတ်ချင်စိတ် မရှိတော့၍ စာအုပ်အား ပိတ်ကာ သူ၏ စာကြည့် စားပွဲတွင် သွားတင်ထားလိုက်သည်။
စာကြည့်စားပွဲထောင့်လေးတွင် နေရာ ယူထားသော မျက်မှန်ဘူးလေးကြောင့် ချားလစ်သည် အလိုအလျောက်ပင် ပြုံးမိသွားသည်။
သူသည် ထို မျက်မှန်ဘူးလေးအား ငြင်သာစွာ ထိတွေ့မိကာ ဘူးထဲမှ မျက်မှန် အားထုတ်ယူလိုက်သည်။600°ရှိသော ထိုမျက်မှန်သည် ပါဝါများလွန်းသောကြောင့် ချားလစ် လုံးဝ မကြည့်နိုင်။

သူ ထိုမျက်မှန် ယူလာခဲ့စဉ်က ကိုင်းများ အကုန်ကျိုးနေကာ ကံကောင်းသည်က မှန်နှစ်ခုလုံး အကောင်းတိုင်း ရှိနေသေးလေသည်။ ထို့ကြောင့် သူ ထိုမှန်နှင့် သင့်တော်မည့် ကိုင်း ရှာကာ ပြန်ပြုပြင် ဖြစ်ခဲ့သည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now