Part - 27

4.1K 370 16
                                    

( Unicode )

ဆေးရုံ ဆင်းလာသော Dreamသည် အကြွေးတင်ထားသော စာကြွေးများ နှင့် စီတန်းနေသော project များကြောင့် စာထဲ ခေါင်းငိုက်စိုက်ထားလိုက်ရသည်။

'မင်းအိပ်မက်သစ်ကို ဆိုးလို့ စာမလုပ်တဲ့ကျောင်းသားလို့တော့ မထင်လိုက်ပါနဲ့
ကျောင်းတက်ပြီ ဆိုတည်းက ကျောင်းက သင်ပေးလိုက်တဲ့ စာကို ရအောင်ပညာယူရမယ် ဆိုတဲ့ အသိကို ငယ်ငယ်ထဲက ခေါင်းထဲ ရိုက်သွင်းခံထား ရပြီးသား '

သို့သော်လည်း များပြားလွန်းသော စာများအား ခေါင်းထဲ အသည်းအသန် ပြွတ်ထည့်ရင်း သူ့မှာ ငိုချင်လာသည်။

"tuto 4ကြိမ်စီ ပျက်ထားတယ် 6ဘာသာ ပေါင်းတော့ 24ကြိမ်
IR စာကြီးကိုလည်း တစ်လုံးမှ မသင်လိုက်ရဘဲ ကျက်နေရတယ် Fuck ဆိုးလိုက်တဲ့ ငါ့ဘဝ သေချင်လိုက်တာကွာ "

ထိုသို့ ပြောပြီးခါမှ သူ၏ မတော်ရသေးသော ရည်းစား အား သတိရသွားကာ

"အား..သေလို့ မဖြစ်သေးဘူး ချားလစ်ဝိန်း နဲ့ ယူပြီး ပိစိလေးတွေ မွေးရဦးမှာ "

Dream သူ့စကားနှင့်သူ သဘောကျသွားကာ တစ်ခိခိနှင့် ရယ်နေရင်း တစ်ခုခုအား အတွေးဝင်လာကာ ရယ်နေရင်းရပ်လိုက်ကာ သူ့ဖာသူ ရေရွတ်လာသည်။

"နေပါဦး ပိစိလေးတွေ မွေးမှာ ဆိုတော့ ဘယ်သူက မွေးပေးမှာငါလဲ သူလား ငါလား "

Dream သူ့အတွေးကြောင့် မျက်နှာ အနည်းငယ်မဲ့လိုက်မိကာ
"ဟွန့် ....သူ့ပုံက မွေးပေးမဲ့ ပုံလည်း မပေါ်ဘူး အဲ့ဒါဆို ငါက မွေး..."
Dream သူ့စကားအား အဆုံးထိပင် မပြောဘဲ ခေါင်းအမြန်ခါလိုက်သည်။

"မဖြစ်ဘူး မဖြစ်ဘူး Fuck မင်းအိပ်မက်သစ်
ရူးနေလို့ မင်းက ကလေးမွေးမှာလား "

"ဖတ်..ဖတ် "

သူ့အတွေးနှင့်သူ မဖြစ်ဘူး လုပ်နေကာ သူ့ ပါးအား တစ်ဖတ်ဖတ် ပြန်ရိုက်နေသည်။

"အား..ပျင်းလိုက်တာ စာမလုပ်ချင်ဘူး ကိုချားရေ"
မကြားနိူင်သော မတော်ရသေးသည့် ရည်းစားနာမည်အား ခေါ်ကာ ညဥ်းညူလိုက်သည်။

"ဖုန်းဆက်လိုက်ရင် ကောင်းမလား "
အတွေးပေါက်သည်နှင့် ချက်ချင်းထလုပ်တတ်သော သူ့အကျင့်အတိုင်း ဘေးနားမှ ချထားသော ဖုန်းအား ကောက်ကိုင်လိုက်သည်။
နာရီကြည့်မိသော် နေ့လည် 12 နာရီ အတိ ပင်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now