Part - 56

3.2K 237 26
                                    

( Unicode )

Dorotheenstadt သချိူင်းထဲရှိ ဂူဗိမ္မာန် တစ်ခုရှေ့တွင်ဖြစ်သည်။Dreamသည် ထို အိုဟောင်းပုံ ပေါက်နေသော ဂူဗိမ္မာန်ရှေ့တွင်ရပ်ကာ ဂူဗိမ္မာန်ပိုင်ရှင်၏ ရုပ်ပုံအားကြည့်နေလေသည်။

"Brown Kaiser ငါတို့ ဂိုဏ်းရဲ့ တည်ထောင်သူ "
Dreamကြည့်နေသည့် ဂူဗိမ္မာန်အားကြည့်ကာ Justin က ဝင်ပြောလာသည်။
သူ၏ ပြောပြချက်အား Dreamက နားလည်သလို ခေါင်းငြိတ်ပြလိုက်သည်။

"ကြားဖူးတာတော့ သူက ဒုတိယ ကမ္ဘာစစ်တုန်းက လေတပ်ဗိုလ်မှူးတစ်ယောက်ဆို"

"ဟုတ်တယ်... ဒုတိယ ကမ္ဘာစစ်အပြီး ဂျာမနီကစစ်ရှုံးတော့ စစ်အင်အား လက်နက်အင်အားကို ထိန်းချုပ်ခံလိုက်ရတယ်။အဲ့လို နိူင်ငံရဲ့ ကျဥ်းထဲကြပ်ထဲ ရောက်သွားတဲ့ အခြေနေမှာ Brown က1950လောက်မှာ Dragonကို စဖွဲ့စည်းခဲ့တာ။
သူပြီးတော့ သူ့သမီး Vanessa Kaiser က ဂိုဏ်းကို ဆက်တာဝန်ယူတယ်။နောက်တက်လာတဲ့ ဂိုဏ်းခေါင်းဆောင်တွေ ဖြစ်တဲ့ Zil နဲ့ Zay (Zayar Minthit) တို့က Vanessa ရဲ့ တပည့်တွေလေ။ မင်းကတော့ ငါးယောက်မြောက် ဂိုဏ်းခေါင်းဆောင်ပေါ့ "

Dreamသည် Justin ၏ ရှင်းပြချက်နှင့် အတူ ကပ်ရပ်ဂူဗိမ္မာန်သို့ ထပ်မံလျှောက်သွားသည်။

"George.. သူကတော့ Welsh Dragon teamရဲ့ ပထမဆုံးခေါင်းဆောင်ပေါ့။ ဝေလသား ဆိုတော့ ငါတို့ Teamကလည်း ဝေလပြည်ကိုယ်စားပြု နဂါးနီဖြစ်သွားတာဘဲ"

Justin သည် ပြုံးရင်း ရှင်းပြလာသော် Dreamသည်လည်း သူ သိနေနှင့်ပြီးသည့် အကြောင်းအရာများ ဖြစ်လင့်ကစား ခပ်ဆိတ်ဆိတ်သာ ငြိမ်နားထောင်နေလိုက်သည်။

ထို့နောက်တွင် Dreamသည် သူ မြင်ဖူးခဲ့သည့် ဂူဗိမ္မာန်တစ်ခုရှေ့တွင် ရပ်လိုက်သည်။
သူ၏ ရှေ့တွင်တော့ Zil Hartmann ဆိုသော ဂိုဏ်းခေါင်းဆောင်ဟောင်း၏ ဂူဗိမ္မာန် ရှိနေလေသည်။

"သူ့ကိုတော့ မင်းရင်းနှီးမှာပါ။ မင်းအဖေရဲ့ သူငယ်ချင်း ဟိုမိန်းမ Isaရဲ့ အစ်ကိုပေါ့။ သူက မင်းအမေနဲ့လည်း ရင်းနှီးတယ်။ မင်းအဖေနဲ့ အမေ ဂျာမနီမှာ ကျောင်းလာတက်တဲ့ အချိန်က သူတို့ မိသားစုနဲ့ အတော်ရင်းနှီးခဲ့ကြတယ်။
သူ့လက်ထက်မှာ Hartmann မိသားစု က အတော်ကို အင်အားကြီးလာတာ ။သူ့လက်အောက်မှာ ရှိတဲ့ ငါတို့ Dragon ဂိုဏ်းကလည်း ကမ္ဘာတစ်လွှားကို ခြေဆန့်နိူင်ခဲ့တယ်။ ဒါပေမဲ့ နှမြောစရာ နဲ့ဘဲ သူက ငယ်ငယ်ရွယ်ရွယ် နဲ့ဆုံးသွားတယ်"

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now