Part - 39

3.9K 300 16
                                    

( Unicode )

ညက မျက်ခြေပြတ်အောင် လုပ်ရခြင်း ကိစ္စကြောင့် Dreamတို့မှာ မိုးလင်းခါနီးမှ အိပ်ကြရ၍ သူတို့မှာ နေ့လည်မှ နိူးလာကြသည်။
သူတို့ နိူးသည်နှင့် မနက်စာရော နေ့လည်စာပါ တစ်ခါတည်း ပေါင်း စားလိုက်ကြရသည်။
ထို့နောက် မိုင်းလား မြို့သို့ ရောက်တုန်းရောက်ခိုက် စျေးပတ်ရန် Dreamနှင့် Poleမှာ ရုပ်ဖျက်ကာ နေ့လည်ခင်းချိန် စျေးဘက်သို့ ထွက်လာခဲ့သည်။
သူတို့ ထိုစျေးသို့ အဓိက လာရသည့် ရည်ရွယ်ချက်မှာ ပြည်မကြီးတွင် တရားဝင် မြင်တွေ့ရခြင်း မရှိသည့် တောရိုင်းတိရိစ္ဆာန် အရေခွံများ ရောင်းချခြင်းအား စူးစမ်းရန်ပင် ဖြစ်သည်။
ထို့ကြောင့် နှစ်ယောက်သား စျေးထဲတွင် ဟိုပတ်ဒီပတ် လုပ်ပြီးနောက် တောရိုင်းတိရစ္ဆာန်ရောင်းချရာ စျေးတန်းဘက်သို့ ထွက်လာခဲ့သည်။

ထိုစျေးတန်းသို့ စဝင်လိုက်နှင့် နှစ်ယောက်လုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရကာ ဟိုငေး ဒီငေးနှင့် တောသားများ သဖွယ် ဖြစ်နေကြတော့သည်။
အစီအရီ ခင်းကျင်းထားသော တောရိုင်း တိရစ္ဆာန် အရေခွံများ ဆင်စွယ် ကျားစွယ်များအား သူတို့ မျက်ဝန်း တောက်တောက် များဖြင့် စူးစမ်းကြည့်နေကြသည်။
မြွေအရေခွံများ၊လိပ်ခွံများ၊ကျားအရေခွံများ၊သမင်ချို ၊ ဆင်စွယ် ကျားစွယ် နှင့် အခြား ပစ္စည်းမျိုးစုံအား သူတို့ တွေ့နေရသည်။

Poleက သူ့ရှေ့မှ ခင်းကျင်းထားသော ကျားစွယ်တစ်ခုအား အသေချာ ပွတ်သပ်ကိုင်တွယ်ကာ ဆိုင်ရှင်အား မျက်ဝန်းတောက်တောက်နှင့် လှမ်းမေးလိုက်သည်။

"ဒီ ကျားစွယ်တစ်စုံက ဘယ်လောက်ကျ သလဲဗျ"

"ယွမ် ရှစ်ထောင် "
ယွမ်ရှစ်ထောင် ဆိုသောကြောင့် Pole Dreamဘက်လှည့်ကာ 'မြန်မာ ငွေနဲ့ဆို ဘယ်လောက်လဲ 'မေးမည်ကြံစဥ် မှာပင် Dreamက သူသိချင် အား ပြောပေးလာသည်။

"၂၂ သိန်း "

"ဝယ်လိုက်ရမလား"

"မင်းကြိုက်ရင် ဝယ်ပေါ့ "
Dream သည်တော့ ထိုအရာများအား သိပ်သဘောမတွေ့၍ မဝယ် ဖြစ်တော့။

ထို့နောက် နှစ်ယောက်သား စျေးတစ်ပတ် ပတ်နေရင်း ဆေးရည် ရောင်းသည့် ဆိုင်က Dream ၏ အာရုံအား ဆွဲဆောင် သွားသည်။
Dream ထိုဆိုင်ရှေ့ ရပ်ကာ ဆေးရည်ဘူးများအား ဝင်စူးစမ်း နေလိုက်သည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now