Part - 19

4.1K 324 9
                                    

Unicode

ချားလစ် သင်တန်းပြီးနောက် ထုံးစံ အတိုင်း ကျောင်းဘက် တန်းမပြန်သေးဘဲ Dream တက်ခဲ့သည့် private ကျောင်းဘက်သို့ လှည့်လာခဲ့သည်။
လျှောက်နေကြလမ်း ၊ထိုင်နေကြ cafe ဆိုင်၊ တစ်စုံတစ်ယောက်အား ငေးကြည့်ရန် သီးသန့် ရွေးချယ်ခဲ့သည့် ထိုင်ခုံ
အဖြစ်ပျက် များသည် မြန်ဆန်လွန်းသည်မှာ မနေ့တနေ့ က ကဲ့သို့ပင်။
2နှစ် ဆိုသည့် အချိန် လေး မှာ ခဏ လေးဟု ထင်ရသော်လည်း ထို ကာလ အတွင်း သူ မပိုင်သည့် ပန်းလေးအား တိတ်တဆိတ် ခိုးချစ်ခဲ့ရသည်။
တိတ်တဆိတ် ကာကွယ် ပေးခဲ့ဖူးသည်။ တိတ်တဆိတ်လည်း ငေးကြည့်ခဲ့ရဖူး သလို တိတ်တဆိတ်လည်း လွမ်းခဲ့ရဖူးသည်။

မဆိုင်သူ လေးကြောင့် သူ နာကျင်ခဲ့ရဖူးသလို ဘယ်သူမှ မသိအောင်လည်း ငိုကြွေး ခဲ့ရဖူးသည်။
ကောင်ငယ်လေး ထိခိုက်ဒဏ်ရာ ရသော အခါများ၌ တိတ်တဆိတ် စိတ်ပူပေးနေရုံ မှလွဲပြီး ဘာမှ မတတ်နိူင်ခဲ့ခြင်း အပေါ်လည်း သူ့ကိုယ်သူ အားမလို အားမရ မုန်းတီးမိသည့် အကြိမ် များ လည်း ရှိခဲ့ဖူးသည်။
သူ့အိပ်မက်လေး အတွက် ရန်လည်း ဖြစ်ခဲ့ဖူးသလို မိုက်ရူးရဲ ဆန်သည့် အရာများလည်း လုပ်ခဲ့ဖူးသည်။

ထို 2နှစ်တာ ကာလ အတွင်း Dream နှင့် ပတ်သက်သမျှ သူ့ စိတ်ခံစားချက် အလုံးစုံဟာ Silent ။
တိတ်တဆိတ် ပင် ထုတ်ဖော်ပြခွင့် မရှိခဲ့ပေ။

သို့သော် အခုများတော့ Dreamသည် မဖိတ်ခေါ်ဘဲ သူ့နားသို့ ရောက်လာခဲ့သည်။
အတိတ်များ အတွင်း Dreamအား စွန့်လွှတ် ဖို့ တွေးခဲ့ ဖူးသော်လည်း သူ့စိတ် သူ့နှလုံးသား သည်သံလိုက်၏ ဖို နှင့် မ ကဲ့သို့ မခွဲ နိူင်ဘဲ ဆွဲငင်နေသောကြောင့် စွန့်လွှတ် ဖို့ ရန် ချားလစ် မကြိုးစား ဖြစ် တော့။

ဖမ်းဆုပ် ပိုင်ဆိုင် နိူင်အောင်သာ ကြိုးစား တော့မည်။
တစ်သက်လုံး အနားမှာ ထားပြီး ချစ်ခြင်း မေတ္တာနှင့် ထွေးပွေ့ ထားနိူင်အောင်သာ ကြိုးစားတော့မည်။
မည်သူ့လက်ထဲမှ ထည့်မပေးနိူင်တော့။
Dream အား သဘောကျနှစ်ခြိုက်နေသူ များရှိပါက ထိုသူ များနှင့် သူပြိုင်လုမည်။
ယောကျာ်း တစ်ယောက်က နောက်ထပ် ယောကျာ်း တစ်ယောက်အား မိန်းမ များနှင့် အပြိုင်လုရခြင်း အားလည်း သူ ရှက်နေမည် မဟုတ်။
အချစ်နဲ့ စစ်မှာ မတရား တာ မရှိ ။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now