Part - 53

3K 206 10
                                    

( Unicode )

ပိတ်ရက် တစ်ရက်၏ နေ့လည်ခင်းတွင် Dreamသည် သူ၏ လက်ရှိလုပ်နေသော ကိစ္စများအား သူ၏ဖခင်နှင့် ဆွေးနွေးရန် စာကြည့်ခန်း သို့ ဝင်လာခဲ့လေသည်။
အခန်းထဲ ရောက်သော် ဦးဇေယျာ အား မတွေ့ရ၍ Dream မျက်မှောင်ကြုတ်မိသွားသည်။

"အပြင် ထွက်သွားတာလားဟ "

Dreamသည် ဦးဇေယျာအား မတွေ့၍ သူယူလာသည့် အဝါရောင် စက္ကူအိတ်နှင့် ဖိုင်အား စားပွဲပေါ်သို့တင်ထားလိုက်သည်။ထို့နောက် လှည့်ထွက်ရန် ပြင်လိုက်သော် စားပွဲပေါ်တွင် အစထွက်နေသော စာရွက်ပေါ်မှ ဆေးရုံနာမည်ကြောင့် နောက်လှည့်မည့် Dream၏ခြေလှမ်းများ တုံ့သွားရသည်။
တံခါးပေါက် ဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် စားပွဲပေါ်မှ အဝါရောင်ဖိုင်အိတ်အား လှမ်းယူလိုက်သည်။
ထို့နောက် အထဲမှ စာရွက်များအား ထုတ်ကာ စာပါအကြောင်းအရာများအား လျင်မြန်စွာ ဖတ်ရှုလိုက်သည်။
စာကြောင်း ပြီးဆုံးသွားသော အခါ Dream၏ အနီရောင် မျက်ဝန်း ထက်တွင် မယုံကြည်နိူင်မှုများစွာ ထင်ဟပ်နေလေသည်။
စာရွက်အား ကိုင်ဆောင်ထားသော သူ၏ လက်များမှာ အနည်းငယ် တုန်ရီနေဟန်ရှိကာ စာပါအကြောင်းအရာများအား မယုံနိူင်ဟန် ဖြင့် ထပ်မံ ဖတ်ရှုလိုက်သည်။

"မဖြစ်နိူင်တာ.."
ဆေးစစ်ချက်သည် အစစ်အမှန် ဖြစ်ဟန်ရှိသော်လည်း သူ၏ စိတ်သည် လက်မခံနိူင်သေးပေ။

"ဒီလောက် ကျန်းမာနေတဲ့ လူက ဘယ်လို ဖြစ်နိူင်မှာလဲ။ ဒီ ဆေးစစ်ချက် မှားနေတာဘဲ "

သူ့ကိုယ်သူ နှစ်သိပ့်ဟန် ပြောနေသော်လည်း သူ၏ အသံများမှာ တုန်ရီနေကာ မျက်ဝန်းထက်တွင်လည်း မျက်ရည်ဥများ အိုင်ထွန်းလာသည်။

လက်သီးအား တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း အရင်ဦးစွာစိတ်တည်ငြိမ်အောင် လုပ်နေသော်လည်း ယခုအခါတွင် သူ၏ သန်မာသော စိတ်နှလုံးသည် သူ့အား သစ္စာဖောက်နေလေသည်။

"မဟုတ်ဘူး။ဒါက အမှားဘဲ ဖြစ်မှာ။ အလုပ်တွေလည်း လုပ်နေပြီး သန်မာနေတဲ့သူက ဘယ်လိုလုပ်... ဘယ်လိုလုပ် ဖြစ်နိူင်မှာလဲ "

သူ၏ အတွေးများမှာ ယောင့်ယက်ခတ်နေကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေ၏။
ပြိုလဲကျချင်သော စိတ်တို့ကြောင့် ငိုချင်နေသော်လည်း ခက်သည်က မျက်ရည် များသည် လုံးဝပင် ထွက်မလာတော့ခြင်းပင်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now