Part - 21

4K 336 5
                                    

Unicode

Operation ခန်းရှေ့ တွင် လူတစ်စုသည် စိုးရိမ်နေသော မျက်နှာအနေထားနှင့် ရပ်စောင့် နေကြလေသည်။
ယောကျာ်း ကြီး များ မှာ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေကြသော်လည်း အမျိုးသမီး နှစ်ဦး သည်တော့ မျက်ရည် လည်ရွဲနှင့် operation ခန်းအား ငေးကြည့်နေကြသည်။
နှုတ်မှလည်း ရသမျှ ဘုရားစာ အစုံ ရွတ်ကာ ဆုတောင်းပေးနေကြသည်။

"တတိယ အကြိမ် 3ကြိမ် ရှိပြီ ....သားသား ဒီအခန်းထဲ ဝင်ခဲ့ရတာ ... သူ ဘာမှ ကြီးကြီးမားမား မဖြစ်လောက်ပါဘူးနော် အစ်မ "

သူရိန့် အမေ ဒေါ် မေမီသစ် သည် တစ်ရှုပ်ရှုပ်ငိုရင်း လမင်း အမေဖြစ်သည့် ဒေါ်ခက်တာ အား မေးလာသည်။
လမင်း အမေ ဒေါ်ခက်တာမှာ ဆရာဝန် တစ်ဦး ဖြစ်ကာ ဤprivate ဆေးရုံ မှာလည်း သူတို့ မိသားစု အပိုင် ဖြစ်၏။
သူမသည် ဒေါ်မေမီသစ်အား ဖက်ထားကာ ကျောအား ခပ်ဖွဖွ ပွတ်သပ်ပေးရင်း နှစ်သိမ့် လာသည်။

"ဘာမှ မဖြစ်လောက်ပါဘူး အရမ်း စိတ်မပူပါနဲ့ "
ဒေါ်ခက်တာသည် ဒေါ်မေမီသစ်အား နှစ်သိမ့်ရင်း သူမတို့ဘေး မလှမ်းမကမ်းတွင် စကား တစ်ခွန်းမှ မပြောဘဲ ငြိမ်ထိုင်နေသော သူမ သူငယ်ချင်း ဒေါ် တေးပျို အား လှမ်းကြည့်လိုက်သည်။
နှုတ်ခမ်းများ တင်းတင်း စေ့ထားကာ လက်ဖဝါး နှစ်ဖက်အား ဆုပ်ထားသည်မှာ တည်ငြိမ်နေဟန် ရှိသော်လည်း operationခန်းအား ကြည့်နေသော မျက်ဝန်းများမှာ တုန်လှုပ်မှု့ အပြည့် ဖြစ်နေသည်ကို သူမ အတိုင်းသား မြင်တွေ့နေရလေသည်။
ဘယ်မိခင်က အရေးပေါ် အသက်လုနေရတဲ့ သား ကို စိတ်မပူဘဲ နေမှာလဲလေ။

ဒေါ်ခက်တာသည် သူမ သူငယ်ချင်းအား ငိုချင်ရင် ငိုချနိူင်သလို စိတ်ပူရင်လည်း စိတ်ပူနေကြောင်း မျိုသိပ်မထားဘဲ ဖွင့်ပြောစေချင်သည်။
သူမ သူငယ်ချင်းသည် ဘာမှ မဖြစ်သလို မျက်နှာသေနှင့် နေကာ ဘယ်သောအခါမှ ခံစားချက်အမှန်အား ဖွင့်ထုတ် ပြခဲ့လေ့ မရှိခဲ့။
ဒေါ်တေးပျို အား လှမ်းကြည့်ရင်း သူမ သက်ပြင်း ချလိုက်မိသည်။
ဒေါ်တေးပျိုသည် ဘယ်တော့များမှ သူမ သားအပေါ် ထားရှိသည့် အချစ်များကို ဖွင့်ပြမည်လဲ ဒေါ်ခက်တာ မခန့်မှန်းနိူင်တော့။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now