Part - 61(Unicode )

3.1K 192 15
                                    

( Unicode )

စစ်စခန်း အတွင်းသို့ မောင်းဝင်လာသော ကားများကြောင့် တပ်အတွင်း စစ်သားများမှာ စခန်းအပြင်သို့ ထွက်လာခဲ့ကြသည်။ထို့နောက် ကားထဲမှ ဆင်းလာသော လူအား အသီးသီး အလေးပြုလိုက်ကြသည်။ထိုလူမှာ Gods ၏ ဗိုလ်မှူးကြီး ဖြစ်ကာ သူ၏လက်ယာလက်မောင်းတွင်တော့ Godsကိုယ်စားပြု တံဆိပ်ဖြစ်သည့် အလယ်တွင် Crownနှင့် အပေါ်တွင် PMC Gods ဟု ရေးထိုးထားသော အမှတ်အသား ပါရှိလေသည်။
ဗိုလ်မှူးကြီးသည် သူ့အား အလေးပြုနေသော တပ်သားများအား အသိမှတ်ပြုကြောင်း ခေါင်းတစ်ချက် ငြိတ်ပြပြီးနောက် သူသည် ဗိုလ်မှုး ပီတာနှင့် အတူ သူ၏ ရုံးခန်းရှိရာ စခန်းအတွင်းသို့ ဝင်သွားလိုက်သည်။ဗိုလ်မှူးကြီး တဲစခန်းထဲသို့ ဝင်သွားသည်နှင့် ကျန်လူများသည် ဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီး နှင့် လိုက်ပါသွားသော လူများထံသို့ဦးတည်လိုက်သည်။

"Daniel အခြေနေ ဘယ်လိုလဲ "

တပ်အတွင်းမှ လူတစ်ဦးသည် ဗိုလ်မှူးကြီး နှင့်အတူ လိုက်ပါသွားသော Daniel အား မေးလာသည်။ထိုအခါ Daniel က အသာခေါင်းခါပြကာ

"ငါလည်း ဘာမှ သေချာမသိရဘူး။ ခေါင်းဆောင်ပိုင်းတွေဘဲ ခေါင်းချင်းဆိုင် ဆွေးနွေးကြတာ
ဗိုလ်မှုး အစည်းဝေး ခေါ်မှဘဲ သိရလိမ့်မယ်"

Daniel ဖြေရှင်းလာသည့် စကားကြောင့် ကျန်လူများ ၏ မျက်နှာ အနေထားသည် အနည်းငယ် လေးနက်သွားလေသည်။
သူတို့ တပ်သားများ အစုလိုက် ဝိုင်းဖွဲ့ကာ သတင်းမေးနေကြစဥ် တဲစခန်း ထဲမှ ထွက်လာသော ဗိုလ်မှူး ပီတာသည် သူတို့အဖွဲ့အား လှမ်းကြည့်ကာ ဒေါသတကြီး အော်ဟစ်ဆူပူလာသည်။

"လေ့ကျင့်ရေး မဆင်းသေးဘဲ အဲ့ဒီမှာ ဘာရပ်လုပ်နေကြတာလဲ။
မင်းတို့ ဒီကို ရောက်နေတာ အပျော်ခရီး ထွက်လာတယ်လို့ ထင်နေတာလား "

ဗိုလ်မှူး ပီတာ၏ ရွဲ့ပြောလာသည့် ဆူပူစကားကြောင့် လူငယ် တပ်သားများမှာ Daniel အားချန်ရစ်ကာ အလျင်အမြန်ပင် လူစုခွဲပြီး လေ့ကျင့်ရေး ကွင်းဘက်သို့ အသုတ်လိုက်ပြေးထွက်သွားကြတော့သည်။ဗိုလ်မှူးပီတာသည် လေ့ကျင့်ရေး ကွင်းဘက်သို့ထွက်သွားသော တပ်သားများအား ခက်ထန်သော မျက်နှာအနေထားနှင့်ကြည့်နေရင်း Danielဘက် လှည့်လာကာ

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now