Part - 40

4.4K 313 27
                                    

( Unicode )

"ကိုချား "

Dreamအား ငုံ့ကြည့်နေသော ချားလစ်၏ မျက်နှာထက်တွင် တော့ မည်သည့်ခံစားချက်တို့ တစ်စွန်းတစ်စမျှ မပေါ်လွင်နေ။
စိတ်ဆိုးနေသည်လား၊ ဒေါသထွက်နေသည်လား
ထိုမှ မဟုတ် သူ့အား စိတ်ပူနေသည်လား Dreamသေချာ မခွဲခြားနိူင်။ အကြောင်းမှာ ယခု အချိန်တွင်ပင် နက်ရှိုင်းလွန်းသောထိုမျက်ဝန်း များအား သူဖတ်ယူ နိူင်ခြင်း မရှိတော့သောကြောင့်ပင်။

ချားလစ် Dream အား ခဏသာ ငုပ်ကြည့်ကာ အပြင်ဘက်မှ အခြေနေကိုသာ စူးစမ်းနေလိုက်သည်။သူ့အား ဥပေက္ခာ ပြုလိုက်ဟန် ရှိသော ချားလစ် အပြုမူကြောင့် Dream နှုတ်ခမ်းစူမိသွားသည်။တစ်ဆက်တည်းမှာပင် အနည်းငယ် စိုးရိမ်စိတ် ဝင်သွားကာ သူ့စိတ်ထဲတွင်တော့ အသေချာ ခံစားနေရသည်။

'ချားလစ်ဝိန်း ကြီး တကယ် စိတ်ဆိုးနေသည်' ဟူ၍

ချားလစ် အပြင်ဘက်မှ အခြေနေ ငြိမ်သည်နှင့် စကား တစ်ခွန်းမှ မပြောဘဲ Dream လက်အား ဆွဲကာ Kate ကားရပ်ထားသည့် နေရာသို့ လျှောက်လာခဲ့သည်။

သူ့လက်အား ဆွဲကာ ရှေ့မှ လျှောက်နေသော ချားလစ် ကျောပြင်အား ကြည့်ကာ Dream ရင်ထဲ တွင် အတော် ဗလောင်ဆူနေပြီ ဖြစ်သည်။

'သွားပြီ..သွားပြီ... ငါတော့ တကယ်ကြီးကိုသွားပြီ
ချားလစ်ဝိန်းကြီး တကယ်ဒေါသထွက်နေပြီ... ဒီတစ်ခါတော့ မင်းသေတွင်း မင်းတူးမိပြီ မင်းအိပ်မက်သစ် ရေ'

Kate ရပ်ထားသော ကားနားရောက်သည်နှင့် ချားလစ် ကားနောက်ခန်းအားဖွင့်ကာ Dreamအား အထဲ သွင်းလိုက်သည်။ထို့နောက် သူပါ ဝင်လိုက်ကာ သူ၏ သြဇာလွှမ်းသော အေးစက်စက်အသံဖြင့် ရှေ့မှ Kate အားတစ်ခွန်းတည်းသာလှမ်းပြောလာသည်။

"မောင်းတော့.."

Kate မှာလည်း အမိန့်ရသည်နှင့် Adam လှမ်းပို့ထားသော Hotel တည်နေရာသို့ ဦးတည်လိုက်သည်။
Kate တစ်ယောက် ကားမောင်းနေရင်း နောက်မှ လူနှစ်ယောက်အား ကားမှန်မှ တစ်ဆင့် လှမ်းလှမ်းကြည့်ကာ အကဲခတ်နေသည်။

သူမ၏ Captain မျက်နှာမှာ လွန်စွာ အေးစက်နေကာ တစ်ခွန်းမှပင် စကား မဟ ။
Captain ကောင်လေးမှာလည်း တစ်ခါတစ်ရံ Captain အား မျက်နှာငယ်လေးနှင့် လှမ်းကြည့်တတ်သော်လည်း ဘာစကားတစ်ခွန်းမှ တော့ ပြောလာခြင်း မရှိ။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now